⚽️ လီဗာပူးသည် ယနေ့ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် ကစားသမားသစ် ထပ်မံခေါ်ယူရန် လုပ်ဆောင်ခြင်း မရှိဘဲ ၎င်းတို့၏ အပြောင်းအရွှေ့ဈေးကွက်ကို ပိတ်သွားမည်ဖြစ်ကြောင်း သိရသည် လီဗာပူးသည် Cody Gakpo ကို အသင်းတွင် ဆက်လက်ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့သောကြောင့် Yankuba Minteh နှင့် Ismaïla Sarr တို့ကို ခေါ်ယူရန် အစီအစဉ်များလည်း မရှိတော့ကြောင်း သိရသည် ထို့အပြင် ညာနောက်ခံလူနှင့် ကွင်းလယ်ကစားသမား အပါအဝင် အခြားနေရာများကိုလည်း နောက်ထပ် ဖြည့်တင်းရန် ဆန္ဒမရှိတော့ဘဲ လက်ရှိအသင်းလူစာရင်းဖြင့် ရာသီကို ဆက်လက်ဖြတ်သန်းသွားရန် ဆုံးဖြတ်ထားကြောင်း သိရသည် [ The Athletic / talkSPORT ]
September 1, 2026 706