၂၁ ရာစုရဲ့ Dating စနစ်တွေထဲက များလှစွာသော Zone တွေထဲမှာ… — 𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕ — TG.ME

၂၁ ရာစုရဲ့ Dating စနစ်တွေထဲက များလှစွာသော Zone တွေထဲမှာ ကိုယ့်အနေနဲ့မလုပ်သင့်ဘူး မရောက်နေသင့်တော့ဘူးလို့ထင်တဲ့zone ကတော့ situationship zone ပဲ ။

ဘာလို့လဲဆို situationship zone ဆိုတာက ဘာcommitment မှာပေးနေစရာမလိုဘဲ ကိုယ်ဆီကချစ်သူရည်းစား advantages တွေပဲ ရနေပြီးသားဖြစ်တဲ့အတွက် situationshipတွေတော်တော်များများက နောက်တစ်ဆင့်ကို ထပ်မတက်ကြတော့ပါဘူး။ အဆင့်ထပ်တက်စရာမလိုတော့လောက်အောင်အကျိုးအမြတ်တွေအားလုံးကို လွတ်လွတ်လပ်လပ်နဲ့ ရနေခဲ့ပြီးသား ကိုယ်ကလည်း ပေးနေမိခဲ့ပြီးသား ဖြစ်နေလို့ပေါ့။

တချို့ကလည်း situationship ကိုလိုလိုချင်ချင်နဲ့ ရောက်သွားတဲ့လူတွေရှိလိမ့်မယ်။ဒါကတော့
ကိုယ့်အပိုင်းပါပဲ။ ကိုယ်ကသဘောတူတယ်ကြည်ဖြူတယ်ဆို ဘယ်သူကဘာပြောနိုင်မလဲ ။ ဒါပေမဲ့တစ်ခါတလေကျ ကိုယ်တိုင်ကတစ်ဖက်လူကို
စိတ်ရင်းအမှန်နဲ့ သဘောကျပေမဲ့ တစ်ဖက်က မရေရာတဲ့ limboတွေကြားမှာ ရောက်မှန်းမသိရောက်သွားခဲ့တဲ့ situationshipတွေလည်းရှိနေတတ်တယ်။

တကယ်လို့ဒီစာကိုဖတ်နေတဲ့အချိန်မှာ သူကငါ့ကိုဘယ်တော့မှ တွဲဖို့ပြောမလဲလို့စောင့်နေရတဲ့အခြေအနေ situationship တစ်ခုထဲပိတ်မိနေတဲ့အချိန်ဆိုရင်တောင် ရုန်းထွက်ဖို့အကြံပေးချင်ပါတယ်

လူတိုင်းကတော့ကိုယ်တကယ်ချစ်ရတဲ့ သဘောကျရတဲ့လူဆို ပိုင်ဆိုင်ချင်ကြတာကြည့်ပါပဲ ။ ကိုယ့်အပိုင်လို့ သူများတွေကို ထုတ်ပြချင်ကြတာကြည့်ပါပဲ ။ ရည်းစားထားဖို့ အချိန်မပေးနိုင်သေးဘူး ဘဝရည်မှန်းချက်တွေကအရေးကြီးနေလို့ဆိုတာ commitment မပေးချင်လို့ ပြောတဲ့ စကားတွေပါ။

အခြေအနေတစ်ခုရောက်ပြီးတဲ့အထိတောင် ဘာခေါင်းစဉ်မှ တပ်မပေးနိုင်တဲ့ partner တွေဆိုတာကတော့ Partner in crime မဟုတ်ဘဲ partner to crimeတွေပဲ ဖြစ်ပါလိမ့်မယ်။

အဲ့လိုပဲ situationship ထဲကို ဆွဲချမခံရဖို့လည်း ကိုယ့်ဘာသာဆင်ခြင်ရမှာပါပဲ။ Dating လုပ်နေတဲ့အချိန်မှာ
ချစ်သူရည်းစားဖြစ်လာမှရမဲ့ advantages
တွေကိုမပေးတာ ၊လိုတာထက်ပိုပြီး Dating period talking stage တွေမရှည်နေတာမျိုးပေါ့

ဒါတွေဟာ အသက်ငယ်တုန်းကတော့ ကိစ္စမရှိပေမဲ့ အသက်အရွယ်တစ်ခုရောက်လာပြီ အစစအရာရာအတည်တကျဖြစ်သင့်တဲ့အရွယ်မှာ ဒီလို မသေချာမရေရာတဲ့ ဆက်ဆံရေးတွေက ဘဝအတွက်ဘာမှလည်းအကျိုးမပြုပါဘူး



#Eric
#situationship
#Knowledge_sharing
❤19🕊9💔4😭1
September 2, 2026 958 8