အချစ်ခံနေရကြောင်း သိသာစေတဲ့တစ်ချက်က ဘာလဲဆိုရင်… — 𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕ — TG.ME

အချစ်ခံနေရကြောင်း သိသာစေတဲ့တစ်ချက်က
ဘာလဲဆိုရင် အများကြီးဖြည့်တွေးပေးစရာမလိုတာပဲ
အချစ်မခံရတာသိသာတာကတော့
ဒီဘက်က ဘဝတစ်ခုလုံး လုံးပါးပါးမတက်
ဖြည့်တွေးပေးနေရတာပဲ

သူလည်းသူ့အကြောင်းနဲ့ရှိမှာပေါ့လို့
ဖြည့်တွေးပေးစရာမလိုဘူး ။
သူလည်းအလုပ်တွေများနေလို့ စိတ်တွေရှုပ်နေလို့
နေမှာပါဆိုပြီး ဖြည့်တွေးပေးစရာမလိုဘူး ။
အခုတလော အေးစက်စက်ဖြစ်နေတာဟာ
တစ်ဖက်မှာ တစ်ခုခု အဆင်မပြေဖြစ်လို့
နေလို့နေမှာပါလို့ ဖြည့်တွေးပေးစရာမလိုဘူး

အချစ်ခံနေရတဲ့အခါ အသိသာဆုံးက
အဲ့ဒီလူနဲ့ကိုယ်နဲ့ဟာ ဝေးကွာတယ်လို့မခံစားရတာပဲ
သူ့မှာပြဿနာတွေရှိနေလည်းကိုယ်သိနေတယ်
ကိုယ့်မှာပြဿနာတွေရှိတဲ့အခါလည်း သူကူပြီး ဖြေရှင်းပေးတယ်။
ဘာပဲဖြစ်ဖြစ်အချစ်ခံရတာ သိသာတဲ့တစ်ချက်က
အရမ်းရင်းနှီးကျွမ်းဝင်ပြီး နွေးထွေးတယ်လို့ ခံစားရတာ

ပြီးတော့ ဖြည့်တွေးပေးစရာမလိုတာနဲ့ အတင်းအဓမ္မ နားလည်ပေးပါဆိုတာမျိုး အပြောမခံရတာပဲ ။
အချစ်ဟာ အမြဲမသာယာနေပါဘူး
အချစ်ဟာ ရန်တွေဖြစ်ရင်း ပြဿနာတွေတက်ရင်း
ဆူပူကျိမ်းမောင်းရင်း အတူတူ ရှိနေကြတာမျိုးပါ
အချစ်ဟာ ခန္ဓာကိုယ်တွေအတူတူရှိနေကြတာလည်းမဟုတ်ဘူး စိတ်တွေအတူတူရှိနေကြတာမျိုး ။

တစ်ခါတလေ လူတွေကအတူတူရှိနေပေမဲ့ စိတ်တွေကဝေးကွာနေသလိုပဲ ။ အချစ်ဟာပြောင်းလဲလာတဲ့အခါလည်း ဝေးကွာလာခြင်း ၊ဖြည့်တွေးပေးလာရခြင်း ၊လိုတာထက်ပိုပြီး နားလည်ပေးလာရတာတွေ စလာတော့တာပဲ။

လူတွေဟာ ချစ်မိတဲ့အခါ ကိုယ်ချစ်ရတဲ့လူ အထင်လွဲမှာကို ကြောက်ကြတယ်။
မချစ်တော့ဘူးလို့ထင်မှာ
မချစ်တော့မှာ ၊ အလှမ်းလေး ဝေးလာမှာ ၊
ဒီနေ့အတွက်အကြောင်းအရာတွေကိုမပြောပြဖြစ်တော့မှာ၊ပြဿနာတွေကို မပြောပြလိုက်ရမှာတွေကို ကြောက်ကြတယ်စသဖြင့်ပေါ့။

အချစ်ဟာလည်း အတိမ်းအစောင်းတွေ ရှိတာမို့
တစ်ခါတလေ နားလည်ပေးရတာ ဖြည့်တွေးပေးရတာတွေရှိပေမဲ့ ဖြည့်တွေးရတာ​တွေများလာရင်သေချာတယ်
အချစ်ဟာ ထွက်ခွါဖို့တံခါးခေါက်နေပြီ

အချစ်ဟာအိမ် စာအုပ်မှ

#Eric
#credit_from_book
#Relationship_advice
❤78❤‍🔥19🍓6💘5🕊1
August 11, 2026 4.3K 9 77