Hana Korea (aka) Leaving North Korea (2026) https://t.me/MovieChannelNL/2641?single မြောက်ကိုးရီးယားမှာ မွေးဖွားကြီးပြင်းခဲ့ပြီး တရုတ်နိုင်ငံမှာ ခိုလှုံခဲ့ပြီးနောက် တောင်ကိုးရီးယားကို ရောက်ရှိလာတဲ့ ၂၁ နှစ်အရွယ် မိန်းကလေး ဂျိုဟယ်ဆွန်း(Kim Min-Ha) ဟာ တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို ဖြတ်ကျော်ပြီးနောက်မှာ ဒုက္ခသည်တွေအတွက် ပြန်လည် နေရာချထားရေးစင်တာဖြစ်တဲ့ "ဟာနာဝန်း"ဆီကို ရောက်ရှိလာခဲ့ပါတယ်။ တကယ်က မြောက်ပိုင်းကနေ အမေ့ဆေးဖိုးဝါးခ ရှာဖို့အတွက် ထွက်လာခဲ့ပေမဲ့လည်း ဟယ်ဆွန်းကတော့ ပိုက်ဆံရှာဖို့ လွယ်ကူချောမွေ့တဲ့ လမ်းကြောင်းအစား "သူနာပြု"ဖြစ်ချင်တဲ့ အိပ်မက်ကိုပဲ အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ မြောက်ပိုင်းကနေ ထွက်ပြေးလာသူအဖို့ အရွယ်ရောက်ခါမှ ပညာသင်ယူပြီး ဘဝသစ်စဖို့ရာ မလွယ်ကူလှတာကြောင့် အများက ဝိုင်းဝန်းစိုးရိမ်နေတဲ့ကြားကနေ ဟယ်ဆွန်းတစ်ယောက် တောင်ကိုးရီးယားရဲ့ လူနေမှုဘဝနဲ့ ကျင့်သားရအောင် ကြိုးစားပြီး သူ့အိပ်မက်ကို ဘယ်လို အကောင်အထည်ဖော်သွားမလဲဆိုတာကို ကြည့်ရှုရင်း မျှော်လင့်ချက်နဲ့ ခွန်အားတွေ ရရှိစေမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
Hana Korea (aka) Leaving North Korea (2026)… — K Lover - Series — TG.ME
June 22, 2026 10K 9