ကြာသပတေးနေ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကို လာလီဂါပွဲစဥ်ဖြစ်တဲ့… — Tips Channel — TG.ME

ကြာသပတေးနေ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကို လာလီဂါပွဲစဥ်ဖြစ်တဲ့ ဘာစီလိုနာ-ဘီလ်ဘာအို ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။

အယ်ချီကိုအဝေးကွင်းမှာ ၀-၅ နဲ့ ဂိုးပြတ်အနိုင်ယူပြီး ရာသီအစပွဲမှာတင် ချန်ပီယံ ဘယ်လိုခြေစွမ်းဆိုတာ ဘာစီလိုနာပြသနိုင်ခဲ့ပါတယ်။  ရိုဒရီ၊ ဂေါ်ဒွန်၊ အဒီယီမီတို့လို ခြေစွမ်းမြင့်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာမို့လည်း ဘာစီလိုနာရဲ့လူစာရင်းက တောင့်တင်းတာထက်ကို ပိုနေပါတယ်။

လာမိုင်းယာမယ်၊ ရာဖင်ဟာ၊  ပီဒရီ၊ ကူဘာစီ တို့ကလည်း ခြေစွမ်းကောင်း ဆက်ထိန်းထားနိုင်တာမို့ အိမ်ကွင်းမှာ ဘီလ်ဘာအိုကို တစ်ပွဲလုံးဖိအားပေးကစားနိုင်မှာ သေချာပါတယ်။

​ဘီလ်ဘာအိုက အဝေးကွင်းဆို ခံစစ်ကိုအားစိုက်ပြီး ဂိုးမပေးရရေးကို အဓိကထား ကစားလေ့ရှိပေမယ့် ဘာစီလိုနာ တိုက်စစ်ကို ခံကန်နိုင်ဖို့ကျ မလွယ်ကူတဲ့ အနေအထားဖြစ်နေမှာပါ။ အဖွင့်ပွဲမှာလည်း ဆီဗီလာကို အိမ်ကွင်းမှာကစားခဲ့ရတာတောင် ၁-၃ နဲ့ ရှုံးနိမ့်ထားခဲ့တာပါ။

အီနာကီဝီလျံနဲ့ နီကိုဝီလျံတို့ ညီအစ်ကိုဦးဆောင်တဲ့တိုက်စစ်ကလည်း စွမ်းဆောင်ရည်ကျနေပြီး တစ်ဂိုးရဖို့တောင် မနည်းရုန်းနေရပုံနဲ့ အခုအဝေးကွင်းမှာလည်း ရုန်းကန်ရဦးမှာပါ။

ဒီရာသီရဲ့ အိမ်ကွင်း နူးကမ့် အဖွင့်ပွဲစဥ်မှာ ဂိုးပြတ်နိုင်ပွဲနဲ့ အောင်ပွဲခံမယ့် ဘာစီလိုနာပဲရွေးချယ်ပါမယ်။
August 27, 2026 28