Everything about Manipulation and Psychology: post #489 — TG.ME

လူ့ဘ၀ကြီးက ရယ်စရာကောင်းပါတယ်ဗျာ။

မွေးလာကတည်းက ကိုယ့်ရဲ့နမည်ကိုတောင် ရွေးချယ်ပိုင်ခွင့်မရှိပဲ၊
ကိုယ့်ကိုယ်မွေးထုတ်ပေးခဲ့တဲ့ မိဘတွေရဲ့ ရည်မှန်းချက်ကို ကိုယ့်ရဲ့ ၀ါသနာတွေ၊ အိပ်မက်တွေ အများအပြားကို စွန့်လွတ်ပြီး တိတ်တဆိတ်ဖြည့်ဆီးပေးနေခဲ့ရတယ်။

ငယ်ငယ်က ကြတော့ *သားရဲ့အိပ်မက်နောက်ကိုလိုက်ပါ မေမေတို့ပံ့ပိုးပေးမယ်* တဲ့၊
ကြီးလာတော့ လက်တွေဆန်တာကို တွေးတဲ့၊

အသက်ကြီးလာတာနှင့်အမျှ ကိုယ့်ရဲ့ငယ်ငယ်က အိပ်မက်တွေ ပျောက်ဆုံးလာတယ်၊
စိတ်ကူးစိတ်သန်းရှိတဲ့ လူငယ်တစ်ယောက် ဖြစ်လာရမည့်အစား၊
တာဝန်ဝတ္တရား ကျေပွန်ရန်၊ အလုပ်နှင့် အသက်ရှင်သန်ဖို့ကို ရုန်းကန်ကြိုးစားနေရသည့် လူငယ်တစ်ယောက်ဖြစ်လာတယ်။

ဒါပေမဲ့ ကျတော်ပျော်ခဲ့ပါတယ်၊
ငယ်ငယ်က အိပ်မက်အနောက်ကို လိုက်နေခဲ့တဲ့အချိန်တွေ၊
အိပ်မက်ကို မစွန့်လွတ်သေးပဲ တကယ် ဖြစ်လာအောင်လုပ်နေခဲ့တဲ့အချိန်တွေ၊
ကျတော့်အတွက်မေ့မပျောက်နိုင်တဲ့ မှတ်ဥာဏ်လေးတွေအဖြစ်ကျန်ရစ်စေခဲ့တယ်။

ကိုယ်ရှာဖွေထားသမျှ ဂုဏ်သိက္ခာတွေ၊
စုဆောင်းထားသမျှ ပိုင်ဆိုင်မှုတွေဟာ၊
အဆုံးမှာတော့ ၊
အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်တာနှင့်အတူ ပျောက်ကွယ်သွားရပြီး၊
မွေးခါစကလေးတစ်ယောက်လို လက်ဗလာနဲ့ပဲ ပြန်သွားရတယ်။


#jerry
#poem
❤7💯3🔥1
February 20, 2026 415 4