Reading people in just 30 sec.
''လူတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ယုံလေးနဲ့ သူကဘယ်သူလဲ?ဘယ်မှာနေတာလဲ?ဘာအလုပ်ကိုလုပ်ကိုင်တာလဲ? သူကဘယ်လိုသူမျိုးလဲ? ဥာဏ်ကောင်းတဲ့သူလား? သိနိုင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့အချေခံတွေတတ်ထားရင်တော့ လူတစ်ယောက်ကို 30 sec အတွင်းဖတ်နိုင်ပါတယ်။ ဒါပေမဲ့အသေချာကောက်ချက်ချဖို့ဆိုတာ အရမ်းကိုခဲရင်းတဲ့အတွက် အတွေးထပ် ဖြစ်နိုင်ချေကိုဦးစားပေးရပါမယ်။''
''လူတစ်ယောက်ကို ဘေဒင်ဆရာဖတ်သလိုဆိုအတိအကျမှန်မယ်လို့လဲမဆိုလိုပါဘူး။ ဒါပေမဲ့အရမ်းနီးဆက်တယ်လို့တော့ သေချာပြောရဲပါတယ်။"
Hair
''လူတစ်ယောက်အတွက် ဆံပင်ဆိုတာ ဒုတိယမျက်နှာတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့မျက်နှာမှာဖုံးထားရင်တောင် သူတို့ရဲ့ဆံပင်မှာဖုံးကွယ်ထားလို့မရပါဘူး။ ဒါကအကျင့်စရိုက်နဲ့ လူအမျိုးအစားကိုခွဲခြားနိုင်ပါတယ်။ ဒါကြောင့်ပထမဦးဆုံးစတွေ့တာနဲ့ မျက်နှာနဲ့ ဆံပင်ကိုအရင်ကြည့်ပါ။
ဆံပင်သန့်ပြီး ရှုပ်ပွနေခြင်း၊ ဆံပင်မဖီးခြင်း။
-အတွေးများတဲ့သူ
-introvert minded
-ဥာဏ်ကောင်းသူ
-အလုပ်အရမ်းများသူ
-အချိန်မရှိသူ
ဆံပင်ကိုပုံစံ တစ်သမက်ထဲထားခြင်း။
-အလုပ်သမား
-ရုံး၀န်ထမ်းတစ်ယောက်
-စနစ်တကျနေသူ
-အချိန်နဲ့အလုပ်ပေါ်ဦးစားပေးခြင်း
-စိတ်ကြည်လင်မှုမရှိပေမဲ့ အမြဲအလိုက်အသင့်နေရသူ။
ဆံပင်မှာ အုန်းဆီလိမ်းထားခြင်း၊ မသန့်ရှင်းခြင်း။
-စိတ်ဖိစီးမှုများခြင်း
-စိတ်ညစ်နေခြင်း
-အလုပ်အရမ်းများတဲ့သူ
-ပင်ပန်းနွမ်းနယ်ခြင်း
-ပိုက်ဆံနည်းတဲ့အလုပ်မှာ အချိန်ပြည့် အလုပ်လုပ်နေရခြင်း
ဆံပင်အရောင်ဆိုးထားပေမဲ့ ဆံပင်ရဲ့အမြစ်မှာ မူလဆံပင်အရောင် ရှိနေခြင်း။
-အလုပ်မယ်မယ်ရရမရှိသူ
-အလုပ်ထပ် ကိုယ့်ရဲ့တီထွင်မှုအသစ်အဆန်းတွေကို ဦးစားပေးသူ။
-ပန်းချီဆရာ၊ စာရေးဆရာ တို့ဖြစ်နိုင်ချေများတယ်။
- ငွေကျေးအရအခက်အခဲရှိနေသူ
ဆံပင်ကို တင်းကျပ်စွာ စီးထားခြင်း။
-လက်တွေ့ကျခြင်း
-နည်းစနစ်ရှိသူ
-အလုပ်လုပ်တဲ့နေရာမှာ အရမ်းကိုကြားမြင့်နေသူ
-အလုပ်တစ်ခုထဲကို အားရုံစိုက်လုပ်နေရသူ
-သူနာပြု၊ ရုံး၀န်ထမ်း
*ဒါကတော့လူတွေကို ဆံပင်ကနေကြည့်ပြီးဖတ်တဲ့ ပထမဦးဆုံးသင်ခန်းစာပါ။ ဟုတ်ပါတယ်ဒီဟာလေးတစ်ခုထဲနဲ့တော့ ကောက်ချက်ဆွဲလို့မရပါဘူး။ နောက်မှာသင်ခန်းစာတွေကျန်ပါသေးတယ်ဗျ။*
#jerry
5
4
1December 5, 2025 459 2 2