Everything about Manipulation and Psychology: post #478 — TG.ME

ဟာသတွေကို ရယ်စရာကောင်းတယ်လို့မထင်တော့ခြင်း။ ဒါမှမဟုတ်ဟာသတွေကို မရယ်တတ်တော့ခြင်း။

''အရင်က ဘယ်လောက်ရီစရာမကောင်းတဲ့ဟာသပဲဖြစ်'' ခွက်ထိုးခွက်လှန်ရယ်နေတဲ့သူက အခုအချိန်မှာ ဘာကြောင့်မရယ်နိုင်တော့တာလဲ ဆိုတာပြောပြပါမယ်ဗျ။ အဲ့တာက psychology အရဆိုရင် higher emotional development လို့ခေါ်တဲ့အဆင့်တစ်ခုကို ရောက်သွားလို့ပါ။ ဒီလိုဖြစ်လာ ပြီးဆိုတာသိနိုင်မဲ့အချေနေနှစ်မျိုးရှိပါတယ်။ 🤞''

-နားလည်မှုနက်နဲလာခြင်း။

''ဟာသဆိုတာ လူတွေစိတ်ပြေလက်ပျောက် ဖြစ်အောင် ရယ်မောခြင်းတွေပေးတဲ့အရာဖြစ်တယ်။ စိတ်ပင်ပန်းတဲ့အချိန်တွေမှာ ဘာအဓိပ္ပာယ်မှမရှိတဲ့ ဟာသကိုကြည့်ပြီးစိတ်ပြေရှော့ကြတယ်။ အဲ့တာကြောင့်ပဲ အရာအားလုံးကို နက်နက်နဲနဲကြည့်တတ်လာရင် အဲ့ဒီဟာသတွေက ကိုယ့်အတွက်ရယ်စရာမကောင်းတော့ဘူး။ ကြည့်လိုက်တာနဲ့ ကိုယ်က 'အဲ့တာဘာအဓိပ္ပာယ်လဲ? ဘယ်အရာက ရီစရာကောင်းနေတာလဲ? အဲ့ဒီဟာသရဲ့ပေးချင်တဲ့အရာကဘာလဲ? အဲ့တာကအဓိပ္ပာယ်မှမရှိတာ' ဆိုပြီးစတဲ့စကားလုံးတွေကိုတွေးပြီး ပေါ့ပေါ့ပါးပါးကြည့်ရတဲ့ဟာသတွေကို အဖြေရှာနေကြတာမျိုးပါ။''
❤6
October 23, 2025 307 2