Everything about Manipulation and Psychology: post #477 — TG.ME

ပြောပြလို့မရတဲ့ ခံစားချက်နှစ်မျိုး။

၀မ်းနည်းခြင်း။

''၀မ်းနည်းတဲ့အခါ လူတွေအများစုကငိုကြွေးကြမယ်၊ စိတ်ထဲပေါ့သွားအောင်ရင်ဖွင့်ကြတယ်။ ဒါပေမဲ့၀မ်းနည်းမှုက ပိုပြီးအားကောင်းလာတဲ့အခါ ရပ်တန့်သွားသလိုခံစားရလိမ့်မယ်။ ငိုချင်ပေမဲ့ငိုလို့မရတော့ဘူး။ အဲ့လို့ဖြစ်တာက ၀မ်းနည်းမှုကိုလက်ခံလိုက်တဲ့ အချေနေမှာဖြစ်တတ်ကြတယ်။ ၀မ်းနည်းမှုကိုချုံ့တည်းလိုက်ရင် မျက်ရည်တွေအလိုလိုကျလာပြီး၊ ၀မ်းနည်းမှုဖွင့်ချလိုက်ရင် မျက်ရည်တွေက ရပ်တန့်သွားလိမ့်မယ်။ လူတစ်ယောက်ကိုရှင်းပြလို့မရလောက်တော့တဲ့အထိပေါ့။''

အထီးကျန်ခြင်း။

''လွတ်လပ်စွာ နေထိုင်ရခြင်းရဲ့ရန်ဖက်ဖြစ်တဲ့အထီးကျန်ခြင်း။ တိတ်ဆိတ်လွန်းပြီး တစ်ယောက်ထဲရှိတဲ့အချိန်မျိုးမှာဖြစ်ပေါ်လာကြတယ်။ တစ်ယောက်ထဲဖြစ်နေလို့ ပျော်တာလား၊ ၀မ်းနည်းတာလား၊ ဆိုးရိန်တာလား မသဲကွဲဘူး။ ပျင်းရိလာသလိုခံစားရလိမ့်မယ်။ အရင်ကဒီအချိန်မှာဘာလုပ်နေတာလဲ ဆိုပြီးတွေးနေတတ်တယ်။ ပြီးပြည့်စုံနေပြီလို့ထင်နေပေမဲ့ နေရာတစ်ခုလွတ်နေသလို ခံစားရတယ်။ အဲ့လိုမဖြစ်အောင်သူငယ်ချင်းမိတ်ဆွေတစ်ယောက်နဲ့စကားပြောဖို့ စဥ်းစားလိုက်သော်လဲ ဘယ်သူမှမရှိ။ ပြောပြလို့မရတာထပ် ပြောပြစရာလူမရှိတာဆိုရင်ပိုမှန်ကောင်းမှန်လိမ့်မယ်။''



#jerry
❤6
October 21, 2025 285 3