တိတ်ဆိတ်သွားခြင်း။ ''လူတိုင်းက၀မ်းနည်းတဲ့အချိန်ကြရင် ငိုကြွေးကြမယ်၊ ၀မ်းသာတဲ့အချိန်ကရင် ရယ်မောကြမယ်၊ စိတ်ညစ်လာတဲ့အခါမှ ဒေါသထွက်ကြမယ်။ အဲ့လိုအချိန်မျိုးတွေမှာတိတ်ဆိတ်သွားတတ်တဲ့သူမျိူးတွေလဲရှိတယ်။ အော်ငေါက်ခံလိုက်ရလို့ ၀မ်းနည်းသွားတာလား၊ဒေါသထွက်သွားတာလား မသေချာပဲတိတ်ဆိတ်သွားတာမျိုး။ လူတစ်ယောက်ရဲ့ခံစားချက် မှာ limit ဆိုတာရှိတယ်။ အဲ့တာသာပြတ်ဆီးသွားရင်မမျှော်လင့်ထားတဲ့ အဆိုးရွားဆုံး ခံစားချက်နဲ့၊ emotion တွေဖြစ်ပေါ်လာကာ တစ်ဇွတ်ထိုးလုပ်လာလိမ့်မယ်။ အဲ့လိုမျိုးမဖြစ်လာအောင် ဦးနှောက်ကတိတ်ဆိတ်ခြင်းဆိုတဲ့ emotion ကိုထုတ်လွှတ်ပေးလိမ့်မယ်။ အဲ့တာကလူ့စိတ်ခံစားချက်အတွက် ကာကွယ်ပေးတဲ့တံတိုင်းတစ်ခုပဲ။ တိတ်ဆိတ်သွားတဲ့အချိန်ကြရင် စိတ်ထဲမှာ အဖြစ်ပျက်တွေကိုပြန်လည်သုံးသပ်နေလိမ့်မယ်၊ အမှန်လားအမှားလား? ငါဘာလုပ်သင့်လဲ? ငါဘာမှားခဲ့မိတာလဲ? ပြင်ပအသံတွေကအဲ့ဒီ့အချိန်မှာဆို ဘာဆိုဘာမှမကြားရလောက်သလိုပဲ။ အဲ့လိုဖြစ်ပျက်ပြီးပြီဆိုတာနဲ့လုံးလုံးပြန်မကောင်းနိုင်သေးဘူး။
တိတ်ဆိတ်သွားခြင်း။ ''လူတိုင်းက၀မ်းနည်းတဲ့အချိန်ကြရင် ငိုကြွေးကြမယ်၊… — Everything about Manipulation and Psychology — TG.ME
October 20, 2025 247