CapCut မှာ မြန်မာစာ (Unicode) ဖောင့်တွေ မှန်လိုက်၊ လွဲလိုက်…

CapCut မှာ မြန်မာစာ (Unicode) ဖောင့်တွေ မှန်လိုက်၊ လွဲလိုက် ဖြစ်နေလို့ စိတ်ညစ်နေပြီလား? ✅⭐⭐⭐
ပထမတစ်ခါ စာရိုက်တုန်းက အမှန်ထွက်ပြီး နောက်တစ်ခါ ထပ်ရိုက်တော့မှ ဖောင့်တွေလွဲကုန်တာ၊ စာတွေ ပွစာကျဲသွားတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ ကျွန်တော် ကိုယ်တိုင် သုံးနေတဲ့ ဒီဖြေရှင်းနည်း (၂) ခုကို စမ်းကြည့်လိုက်ပါဗျာ။ 💡
📌 (၁) Keyboard ရိုက်တဲ့ အစီအစဉ် (Typing Order) မှားနေတာလား ဆန်းစစ်ပါ။
တချို့ဖုန်းတွေမှာ Bagan Keyboard နဲ့ Gboard အလုပ်လုပ်ပုံချင်း မတူပါဘူး။ ဥပမာ - Gboard မှာ "ပြုပြင်သည်" လို့ ရေးချင်ရင် အရင်ဆုံး ဗျည်းဖြစ်တဲ့ "ပ" စောက် ကိုရိုက်ပြီးမှ " ြ " (ရရစ်) ကို ထည့်ပေးရပါတယ်။
တချို့ Keyboard တွေမှာ ရရစ်ကို အရင်ရိုက်မှ မှန်ပေမဲ့၊ Gboard မှာ အဲ့ဒီလိုသွားရိုက်ရင် "ြပု ြပင်" ဆိုပြီး ဖောင့်တွေလွဲသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်သုံးတဲ့ Keyboard ရဲ့ ရိုက်ရမယ့် အစီအစဉ်လေးကို သတိထားပြီး ပြောင်းရိုက်ကြည့်ပါဗျ။
📌 (၂) Project Save ခါနီးမှ ဖောင့်တွေ ရုတ်တရက် လွဲသွားရင် ဘာလုပ်မလဲ?
Edit လုပ်နေတုန်း ဖောင့်တွေ အကုန်မှန်နေပြီး Save မယ်ဆိုမှ ဖောင့်တွေ ကမောက်ကမ ဖြစ်သွားရင် လုံးဝ (လုံးဝ) Project ကို ဖျက်မပစ်လိုက်ပါနဲ့! ❌
✅ အလွယ်ဆုံး ဖြေရှင်းနည်းကတော့ - အဲ့ဒီ လုပ်လက်စ Project ကို Device ထဲ Save ထားလိုက်ပါ။ ပြီးရင် မိမိဖုန်းကို Restart တစ်ချက်ချလိုက်ပါ။ ဖုန်းပြန်ပွင့်လာမှ CapCut ထဲ ပြန်ဝင်ပြီး သုံးကြည့်ရင် ပုံမှန်အတိုင်း အဆင်ပြေပြေ ပြန်ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်ဗျ။
ဒီနည်းလမ်းလေးက Video Editor တိုင်းအတွက် တကယ်ကို အသုံးတည့်မယ့် နည်းလမ်းလေးမို့ အခုချက်ချင်း ဖတ်ဖို့ အချိန်မရသေးရင်တောင် နောက်မှ လွယ်လွယ်ကူကူ ပြန်ရှာကြည့်လို့ရအောင် ဒီ Post လေးကို Save သာ လုပ်ထားလိုက်ပါနော်။ 💾✨
အားလုံးပဲ အဆင်ပြေကြပါစေ ခင်ဗျာ။ 🙏
📱 Telegram / Whatsapp - @kcreative01
❤2
November 9, 2026 334 2