ကြည့်ကိုကြည့်သင့်တဲ ကမ္ဘာ့အကောင်းဆုံးတေထဲ တစ်ကား Taxi Driver (19//76)… — ဂျက်ကီချမ်းအသစ်ထွက် ဇာတ်ကားကောင်းများ — TG.ME

Forwarded fromKBKBurmese Share Channel 1
ကြည့်ကိုကြည့်သင့်တဲ
ကမ္ဘာ့အကောင်းဆုံးတေထဲ တစ်ကား

Taxi Driver (19//76)

📱IMDb Rating__ 8.3/10, Rotten _98%

ဒီကားရဲ့ Rating တွေကတော့ မြင်တဲ့အတိုင်းပါပဲ….သူတို့ဆီမှာလည်း ကျွန်တော့်တို့မြန်မာကားတွေလိုပဲထင်တယ်…ကားသစ်တွေက အရင်လို သိပ်အားစရာ မကောင်းဘူး…ကျွန်တော်ပဲ စိတ်ထင်နေလို့ပဲလား မသိ… ဒီကားကတော့ ကျွန်တော်တို့ မမွေးခင်ကတည်းကထွက်ရှိခဲ့ပါတယ်

ဇာတ်လမ်းကတော့
မရိန်းစစ်ထွက်တစ်ဦးဖြစ်သူ ထရာဗစ်တစ်ယောက် ညဘက်တက်စီဒရိုင်ဘာ အလုပ်ကိုလုပ်နေတယ်….

သူဟာ ညဘက်လည်း အိပ်မပျော်တတ်တဲ့သူဆိုတော့ ညလုံးပေါက်ကားမောင်းနေတယ်…နေရာစုံကိုရောက်သလို လူအမျိုးမျိုးကိုလည်းသူတွေ့နေရတယ်. မြို့ပြရဲ့စိတ်ပျက်စရာလူတွေနဲ့ အခြေအနေဆိုးတွေသူမတွေ့ချင်ဘဲ တွေ့နေရတယ်…

သူ့အလုပ်က ကားမောင်းတယ်..သူသိပ်သဘောကျတဲ့ ကောင်မလေးတစ်ယောက်ကို သွားငေးတယ်…..ဒီလိုနဲ့ နေ့စဉ်ဖြတ်သန်းပြီးနောက်မှာ ဒီစိတ်ပျက်စရာတွေကိုအတတ်နိုင်ဆုံးပြုပြင်ဖို့ သူဆုံးဖြတ်လိုက်တယ်….

ကဲ သူဘာတွေဆက်လုပ်မလဲ…ကိုင်း ကားဟောင်းအလန်းတွေ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျ…

ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး Robert De Niro ကြီးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်…
❤2
September 3, 2026 2.1K 2