ဂျက်ကီချမ်းအသစ်ထွက် ဇာတ်ကားကောင်းများ: post #6450 — TG.ME

Forwarded fromKBKBurmese Share Channel 1
FIR (2022)

​IMDb Rating : 8/10

​အီဖန် (Irfan) ဟာ ရိုးသားကြိုးစားတဲ့ မွတ်စလင်လူငယ် ဓာတုဗေဒ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး အမေဖြစ်သူနဲ့အတူ အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေသူပါ။ ဒါပေမယ့် ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုမှာတော့ နိုင်ငံကို ခြိမ်းခြောက်နေတဲ့ အမည်မသိ အကြမ်းဖက်သမား "အဘူဘက်ကာ အဗ္ဗဒူလာ" ဆိုပြီး အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ရဲ့ မှားယွင်းစွာ ဖမ်းဆီးစွပ်စွဲခြင်းကို ခံလိုက်ရပါတယ်။
​ဘာအပြစ်မှမလုပ်ထားတဲ့ အီဖန်တစ်ယောက် မတရားစွပ်စွဲချက်တွေကြားထဲကနေ သူ့ရဲ့ အပြစ်ကင်းစင်ကြောင်းကို ဘယ်လိုသက်သေပြမလဲ၊ တကယ့် အကြမ်းဖက်သမားစစ်စစ်ကရော ဘယ်သူလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လူနည်းစုတွေအပေါ် ထားရှိတဲ့ ကြိုတင်ကောက်ချက်ချမှုတွေ၊ မီဒီယာတွေရဲ့ လွှမ်းမိုးမှုတွေကိုပါ သေချာချိတ်ဆက် ထည့်သွင်းရိုက်ကူးထားတာ တွေ့ရပါတယ်။
​ဇာတ်လမ်းအစကနေ အဆုံးထိ အရှိန်အဟုန်မကျဘဲ ဆွဲဆောင်မှုအပြည့်နဲ့ ကြည့်ရှုရမယ့် Action-Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ ဇာတ်သိမ်းပိုင်းက မထင်မှတ်ထားတဲ့ အချိုးအကွေ့ (Plot Twist) တွေက ပရိသတ်ကို လုံးဝ အံ့သြမှင်သက်သွားစေမှာ အသေအချာပါပဲ။
❤2
August 29, 2026 1.7K 1