ဂျက်ကီချမ်းအသစ်ထွက် ဇာတ်ကားကောင်းများ: post #6441 — TG.ME

Forwarded fromKBKBurmese Share Channel 1
Altered Carbon: Resleeved[2020]

Review 📑

ရှုတ်ထွေးလွန်းတဲ့ မြို့လယ်ခေါင်မှာ ကောင်မလေးတစ်ယောက်နောက်ကို လူကြမ်ကြီး(၂)ယောက် လိုက်နေတယ်။ဒီကောင်မလေးကြည့်ရတာ အဖွဲ့အစည်းတစ်ခုကနေအကြောင်းတစ်ခုကြောင့် အသေလုပြေးနေရတဲ့ပုံပဲ….သိပ်မကြာဘူး….သူ့ကိုလိုက်နေတဲ့ (၂)ယောက်အပြင် တစ်ခြား ကြေးစားလူသတ်သမားတစ်ယောက်ကလည်းဒီကောင်မ လေးနောက်ကိုလိုက်နေပြန်တယ်။

ကံကောင်းထောက်မစွာ အဖွဲ့အစည်းတစ်ခုက လူရွယ်တစ်ယောက်က ဒီကောင်မလေးကို ကယ်တင်လိုက်နိုင်တယ်။ဘာကြောင့်ဒီကောင်မလေးကို လိုက်သတ်နေကြတာလဲ….ဒီဂျပန် Animation ဇာတ်ကားဟာ စစချင်း ဇာတ်ကောင်တွေ သိပ္ပံအက်ရှင်ပီပီ အဲ့ဒီခေတ်ရဲ့ ဆန်းပြားတဲ့နည်းစနစ်တွေကို ခပ်သွက်သွက်မိတ်ဆက်ရင်း ဇာတ်လမ်းကိုပုံဖော်ထားတယ်။

ငွေကြေးချမ်းသာရင် နာမ်တစ်ခုကို ရုပ်ခန္ဓာအသစ်တစ်ခုဆီကူး ပြောင်းရင်း အသက်ဆက်လို့ရသလို တခြားဂြိုလ်မှာရှိတဲ့ရုပ်ခန္ဓာအသစ်ဆီကူးပြောင်းရင်း တစ်နေရာဆီ အလွယ်တစ်ကူကူးပြောင်း နိုင်တယ်…
August 28, 2026 1.9K 1