အရေးပေါ်ထုတ်ပြန်ချက်ပါ🚨 သတင်းဖတ်ရင်းနဲ့ ရင်တောင်မောတယ်ကွယ်… — Japanese language(self study) — TG.ME

အရေးပေါ်ထုတ်ပြန်ချက်ပါ🚨
သတင်းဖတ်ရင်းနဲ့ ရင်တောင်မောတယ်ကွယ်
အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အခုကနေစပြီး
外食 စားသောက်ဆိုင်အလုပ်ကို‌ပြောင်းမယ်လို့ တွေးထားတဲ့ သူတွေ ရပ်နားလိုက်သင့်ပါတယ်။
အခုလာမဲ့ ၄လပိုင်း၁၃ရက်နေ့ နောက်ပိုင်းတင်တဲ့ စာရွက်စာတမ်းတွေက အကျုံးမဝင်တော့ပါဘူးနော် ၄လပိုင်း၁၃ရက်နေ့ မတိုင်ခင်စာရွက်စာတမ်းထပ်ထားတဲ့ သူတွေကိုတော့ ပုံမှန်အတိုင်းဆက်လက်ပြီးတော့ စီစစ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။

အသေးစိတ်ကို ‌အောက်မှာ ရှင်းပြထားပါတယ်နော် 🍀

(၁) COE လျှောက်ထားခြင်း
ဧပြီလ ၁၃ ရက် နောက်ပိုင်း လက်ခံရရှိသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ ။
ဧပြီလ ၁၃ ရက် မတိုင်မီ တင်ထားသော လျှောက်လွှာများကို စစ်ဆေးပြီးမှ ထုတ်ပေးမည်ဖြစ်သော်လည်း လူဦးရေကန့်သတ်ချက်ကြောင့် ကြာမြင့်နိုင်ပါသည်။

(၂) ဗီဇာအမျိုးအစား ပြောင်းလဲခြင်း (Visa Change)
ဧပြီလ ၁၃ ရက် နောက်ပိုင်း လျှောက်လွှာများကို မူအားဖြင့် ခွင့်မပြုပါ။

ဒါပေမဲ့ အောက်ပါလူများမှာ ပုံမှန်အတိုင်း လျှောက်ထားနိုင်ပါ......
🍀လက်ရှိစားသောက်ဆိုင် လုပ်ကိုင်နေပီး အလုပ်ပြောင်း (転職) လိုသူများ။
🍀技能実習 (အစားအသောက်ထုတ်လုပ်ရေး) ပြီးဆုံးပြီး သီးသန့်ကျွမ်းကျင်လုပ်သား(Tokutei Ginou )သို့ ပြောင်းလိုသူများ။
🍀ယခင်ကတည်းက Tokutei Katsudo (ပြင်ဆင်မှုဗီဇာ) ရရှိထားသူများ။

(၃) ပြင်ဆင်မှုဗီဇာ (Tokutei Katsudo - 4 months) လျှောက်ထားခြင်း
ယေဘုယျအားဖြင့် ခွင့်မပြုတော့ပါ။
ချွင်းချက်အနေဖြင့် လုပ်ငန်းပြောင်းသူများ၊ အစားအသောက်ထုတ်လုပ်ရေးမှ ကူးပြောင်းသူများနှင့် ဧပြီလ ၁၃ ရက် မတိုင်မီ တင်ထားသူများကိုသာ ဆက်လက်စစ်ဆေးပေးပါမည်။

အပြောင်းအလဲတွေလဲထပ်ရှိ နိုင်သေးတာမို့
နောက်ဆုံးရသတင်းထူးတာနဲ့ဆက်လက်တင်ပေးပါမယ်ရှင့်။

#TOKUTEI #JAPAN
😢34❤9
March 27, 2026 9.7K 93