Hello hello 👋 ဝင်ခွင့်ရ ကျောင်းသား/သူတွေရဲ့ တက္ကသိုလ်/အထူးပြုဘာသာရပ်… — Interim University Council - University of Dental Medicine, Myanmar — TG.ME

Hello hello 👋

ဝင်ခွင့်ရ ကျောင်းသား/သူတွေရဲ့ တက္ကသိုလ်/အထူးပြုဘာသာရပ် ရွေးချယ်ခြင်း (Accept) ကာလဟာ မကြာခင်မှာ ပြီးဆုံးတော့မှာဖြစ်ပါတယ်။

သွား/ဆေး တက္ကသိုလ်ကို ရွေးချယ်ခဲ့ (Accepted) ကြတဲ့ ကျောင်းသား/သူတွေစာရင်းလည်း ကျနော်တို့ဆီမှာ ရှိနေပြီဖြစ်လို့ ထိုကျောင်းသား/သူတွေကို မကြာခင်မှာ Email စတင် ပေးပို့ပါတော့မယ်။

ထို့အတွက်ကြောင့် Accept နှိပ်ခဲ့ကြသော သွား/ဆေး ဝင်ခွင့်ရ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဝင်ခွင့်ဖောင်တွင် ဖြည့်သွင်းခဲ့သည့် Email ကို အကြောင်းကြားစာ ရောက်မရောက် စစ်ဆေးရန် လိုအပ်သည်။

Email တွင် ပါသော group link ကို join ရန် လိုအပ်ပြီး May 10 ရက်နေ့တွင် ပြုလုပ်မည့် meeting ကိုလည်း တက်ရန်လိုအပ်သည်။

ထိုအချက်အလက်များသည် တစ်ဦးတစ်ယောက်ချင်းစီအတွက် သီးသန့်ပေးပို့ခြင်းဖြစ်သဖြင့် ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရန် အထူးဂရုပြုပါ။
❤18
May 5, 2026 1.4K 2 2