ပြည်သူ့မုန့်ဈေးတန်း: post #3595 — TG.ME

၉-၇-၂၀၂၄ မှာ လူငယ်အနည်းစုနဲ့စတင်ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်သောလူငယ်များအစည်းအရုံးဟာ မကြာခင်မှာ 2 နှစ်ဆိုတဲ့အချိန်ကာလ တစ်ခုကိုရောက်ရှိတော့မှဖြစ်ပါတယ်။ စတင်ဖွဲ့စည်းစဉ် က လပိုင်းနဲ့ ပျောက်မယ့်အဖွဲ့ အလုပ်မလုပ်နိုင်တဲ့အဖွဲ့ အပျော်တမ်းအဖွဲ့ဆိုပြီးထင်မြင်ချက်တွေ ၊ ရန်သူရဲ့ ဘက်ပေါင်းစုံက အန္တရယ်ပေးမှုတွေ ရှိခဲ့ပါတယ်။ အဲ့ကြားကပဲ iyo ဟာ နှစ်နှစ်ပြည့်တော့မှာဖြစ်ပြီးတော့ လှုပ်ရှားမှုပေါင်းများစွာ ဖော်ဆောင်နိုင်ခဲ့ပါပြီ။ နှစ်နှစ်သားအရွယ်ဖြစ်တော့မယ် ကျွန်တော်တို့ဟာ နိုင်ငံရေးဘက်မှာအင်မတန်ဝါနုသေးပါတယ် အမှားတွေလဲရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ တော်လှန်ရေးအောင်ပွဲရတဲ့အထိ ဆက်ပြီးတော့ ဘက်ပေါင်းစုံကနေဘုံရန်သူကိုတိုက်ခိုက်သွားမှာဖြစ်ပါတယ်။

July 1, 2026 159