အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ဘက် ဆိုင်ရာ သူရဲကောင်း ဘွဲ့၊… — Hlaing Info — TG.ME

"အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ဘက် ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ချီးမြှင့်ပေးဖို့ ရည်ရွယ်ထားတယ် ဆိုတာလည်း အသိပေးလိုပါတယ်။
ဒီနေရာမှာ အထူးတလည် ပြောကြားလိုတာက ဒီနေ့အခမ်းအနားမှာ ဘွဲ့ဆုတံဆိပ်များ မရရှိခဲ့သော် လည်း တော်လှန်ရေး ၅ နှစ်တာ ကာလတလျှောက်လုံး မိမိတို့ကျရာ ကဏ္ဍအသီးသီးမှနေ၍ အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ ရွပ်ရွပ်ချွံချွံဖြင့် ခုခံတွန်းလှန်စစ်ကို ယနေ့တိုင် ဆက်လက်ပါဝင် ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ရဲဘော်အားလုံးနှင့် တော်လှန်ပြည်သူတစ်ရပ်လုံးကိုလည်း အထူးပင် ဂုဏ်ယူလေးစား မှတ်တမ်းတင် အပ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းမှာ ဆုတံဆိပ်များထက် ပြည်သူ့ လွတ်မြောက်ရေးကိုသာ ရှေးရှုပြီး တိုက်ပွဲဝင်နေ ကြတဲ့ ရဲဘော်တစ်ဦးချင်းစီရဲ့ ပေးဆပ်မှုများအတွက် အတိုင်းမသိ ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောလိုပါတယ်။"

ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
(စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၏ ဆုတံဆိပ်ဖြစ်ပေါ်လာခြင်းနှင့် ပေးအပ်ရန် သတ်မှတ်ချက်များအား ရှင်းလင်းပြောကြားမှုမှ ကောက်နုတ်ချက်)

#PVTV
#HlaingInfo
❤48👍17🥰3🔥1😁1
September 9, 2026 2.4K 4