၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို သံအမတ်ကြီး… — Hlaing Info — TG.ME

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

စက်တင်ဘာလ ၉ ရက်

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ နယူးယောက်မြို့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး က ထုတ်ပြန်ပါတယ်။

(၈၀) ကြိမ်မြောက် အထွေထွေညီလာခံ ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ရဲ့ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနဲ့ ဖွင့်ပွဲကို အဲဒီနေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်ခဲ့ကြတာပါ။

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအကုန်အထိ ကျင်းပပြုလုပ်ခဲ့တဲ့Main Part of the Session ကာလနဲ့၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းမှ စက်တင်ဘာလ (၇) ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ Second Part of the Session ကာလအတွင်း အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးများနဲ့ ကုလသမဂ္ဂ ပင်မကော်မတီ(၆)ခုရဲ့ အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုမှ တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှ စတင်ပြီးမြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ကြီးလေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းစေဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တော်လှန်ရေးဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ မိတ်ဖက်ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအောက်မှ ညှိနှိုင်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း သံအမတ်ကြီး က ကုလအစည်းအဝေးတွေမှာ တင်ပြပြောကြားခဲ့တာပါ။

#PVTV
#HlaingInfo
❤88😁6👍3
September 9, 2026 2.5K 3