တစ်နှစ်ကျော်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာလာတဲ့ စစ်သားနဲ့ ရဲ၊… — Hlaing Info — TG.ME

တစ်နှစ်ကျော်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာလာတဲ့ စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် ၃၈၂၁ ဦးရှိခဲ့

စက်တင်ဘာလ ၆ ရက်

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် သြဂုတ်လ စတုတ္ထပတ်အထိ အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၃၈၂၁ ဦးအထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်မှ မနေ့က ထုတ်ပြန်ပါတယ်။

သြဂုတ်လ စတုတ္ထပတ်မှာလည်း တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၆ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာကို တွေ့ရှိရပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၆ ဦးအနက် ၂ ဦးမှာ စစ်မှုထမ်း တပ်သားသစ်ဖြစ်ပြီး၊ ရှမ်းပြည်နယ်တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁ ဦးနဲ့ မကွေးဒေသမှာ အကြမ်းဖက်စစ်သား ၅ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

#PVTV
#HlaingInfo
❤36👍20😁2👏1
September 6, 2026 2.8K 1