အထူးဝမ်းနည်းကြေကွဲခြင်း ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ရန်ကုန်မြို့ရှိ… — ILBC — TG.ME

● အထူးဝမ်းနည်းကြေကွဲခြင်း

၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ရန်ကုန်မြို့ရှိ ILBC International School ၏ English Department Head အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသော ဆရာမကြီး နော်ဒိုရင်း (ခ) ဒေါ်ဒိုရင်းသောင်း၊ အသက် (၈၅) နှစ်သည် ၁၇. ၈. ၂၀၂၆ (တနင်္လာနေ့)၊ နေ့လယ် (၁း၃၀) နာရီအချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ ILBC International School မှလည်း အထူးဝမ်းနည်းကြေကွဲရပါသည်။

ခရစ်တော်၌ အိပ်ပျော်သွားသော ဆရာမကြီး ဒေါ်ဒိုရင်းသောင်းအား ဘုရားသခင်၏ ထာဝရမေတ္တာနှင့် ငြိမ်သက်ခြင်း၌ အစဉ်အမြဲ အနားယူနိုင်ပါစေကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များအားလည်း ဘုရားသခင်မှ နှစ်သိမ့်ခြင်းနှင့် ခွန်အားပေးသနားတော်မူပါစေကြောင်း ILBC မိသားစုမှ ဆုတောင်းပေးအပ်ပါသည်။ 🕊

ILBC မိသားစု
❤39🥰8
August 18, 2026 2.8K 2