သင်ကြားရေး ဝါသနာပါသူများ လျှောက်ထားနိုင်ရန် ILBC Yangon Campus တွင်… — ILBC — TG.ME

📢 သင်ကြားရေး ဝါသနာပါသူများ လျှောက်ထားနိုင်ရန် ILBC Yangon Campus တွင် Assistant Teacher များ ခေါ်ယူနေပါပြီ!

ကလေးများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ကူညီရင်း Professional Teaching Career ကို စတင်လိုသူများအတွက် ILBC Yangon Campus မှ Assistant Teacher ရာထူးများ ခေါ်ယူနေပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် အမြန်ဆုံးလျှောက်ထားနိုင်ပါသည်။

Assistant Teacher အဖြစ် လျှောက်ထားပါက -

🔵 ILBC မှ စီစဉ်ပေးသော Teacher Training Programme ကို အခမဲ့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး၊ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများ၏ လမ်းညွှန်မှုဖြင့် လက်တွေ့သင်ကြားရေးနည်းစနစ်များ၊ သင်ကြားရေးဆိုင်ရာ အသိပညာနှင့် အတတ်ပညာများအပြင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော သင်ကြားရေးနည်းပညာများကိုလည်း လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်ပါသည်။

🔵 ထို့အပြင် On-Campus Teaching နှင့် Online Teaching နှစ်မျိုးစလုံးတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်နိုင်သော ဆရာ၊ ဆရာမများဖြစ်လာစေရန် စနစ်တကျ လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။


🔵 Teaching Career ကို အဆင့်မြှင့်တင်လိုသူများ၊ ပညာရေးနယ်ပယ်တွင် ရေရှည် Career တစ်ခုတည်ဆောက်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။

-----------------------

🔵 Assistant Teacher တစ်ယောက်၏ ILBC တွင် ရရှိနိုင်မည့် အကျိုးခံစားခွင့်များ
လစာ - ၇ သိန်း
အခမဲ့ Teacher Training
Health Care Benefits
လုပ်သက်ပေါ်မူတည်သည့် အခြား Employee Benefits များ

🔵 လျှောက်ထားသူများအနေဖြင့် -
ꪜ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
ꪜ အသက် ၁၈ မှ ၃၀ နှစ်အတွင်းဖြစ်ရပါမည်။
ꪜ အကျင့်စာရိတ္တကောင်းမွန်ပြီး အများနှင့် ဆက်ဆံရေးပြေပြစ်သူဖြစ်ရပါမည်။
ꪜ Teamwork ဖြင့် လုပ်ကိုင်နိုင်သူဖြစ်ပြီး၊ ကလေးများကို စိတ်ရှည်စွာ သင်ကြားပေးနိုင်သူဖြစ်ရပါမည်။
ꪜ သင်ကြားမှုအပေါ် အပြည့်အဝ အာရုံစိုက်ပြီး၊ တိုးတက်မှုကို လိုလားသူ ဖြစ်ရပါမည်။
ꪜ တာဝန်ယူမှုရှိပြီး အချိန်မှန်ကန်စွာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
ꪜ ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရပါမည်။

🔵 အစမ်းခန့်ကာလ (၃) လ
ꪜ အစမ်းခန့်ကာလ (၃)လ ပြည့်အပြီးတွင် သက်ဆိုင်ရာ သင်တန်းဆရာများနှင့် ကျောင်းအုပ်များ၏ ထောက်ခံမှုရရှိမှသာ ဆက်လက် အတည်ပြုခန့်အပ်သွားမည် ဖြစ်ပါသည်။

🔵 လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ
➜ ကိုယ်ရေးအကျဉ်း (CV)
➜ ရောင်စုံဓာတ်ပုံ (၂) ပုံ
➜ ဘွဲ့လက်မှတ်မိတ္တူ
➜ သန်းခေါင်စာရင်းမိတ္တူ
➜ သင်တန်းအောင်လက်မှတ်မိတ္တူ (ရှိပါက)
➜ မှတ်ပုံတင်မိတ္တူ
➜ Portfolio တို့ကို ပူးတွဲတင်ပြပြီး လျှောက်ထားနိုင်ပါသည်။

🎓 Teaching Career ကို ILBC နှင့်အတူ စတင်လိုက်ပါ!
🔷 Job Application Form: https://bit.ly/Job_Vacancy_AssistantTeachers_2026
🔷 Deadline: 15th August, 2026 (Saturday)
📞 Contact: 09 880 923 594

လူတွေ့အင်တာဗျူးအတွက် ရွေးချယ်ခံရသူများကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။

#ILBC #ILBCinternationlschool #internationalschool #assistantteacher #jobvacancy #yangon #hiring
❤23
August 1, 2026 4.3K 38