__
ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ချဲလ်ဆီးနဲ့ ကွာရာဘတ်တို့ ၂-၂ သရေကျခဲ့ပြီး မန်စီးတီးကတော့ ဒေါ့မွန်ကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။
နယူးကာဆယ်ကလည်း ဘီဘာအို ကို ၂ ဂိုးပြတ် အနိုင်ရခဲ့သလို အင်တာမီလန်ကလည်း ကိုင်ရက် ကို ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။
ဘာစီလိုနာကတော့ ကလပ်ဘရုဂျ် နဲ့ အဝေးကွင်းမှာ ၃-၃ သာ သရေကစားနိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ ဘင်ဖီကာ ကလည်း လေဗာကူဆင်ကို ၀-၁ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။
အေဂျက်လည်း ဂါလာတာစာရေးကို အိမ်ကွင်းမှာတင် ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး မာဆေးလ်လည်း အတ္တလန္တာကို ၀-၁ နဲ့ အရေးနိမ့်ခဲ့ကြပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ဒေါ့မွန်နဲ့ပွဲမှာ ခြေစွမ်းပြ သွင်းဂိုး ၂ ဂိုးသွင်းခဲ့တဲ့ ဖိုဒန်ဟာ နဂိုခြေစွမ်းတွေ ပြန်ရနေပြီ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။
ဆွီဒင် လက်ရွေးစင် လူစာရင်းထဲ ဒဏ်ရာကြောင့် ယိုကာရက်စ် ပါဝင်လာခြင်းမရှိပေမယ့် အိုင်စက်ခ်ကတော့ ထည့်သွင်းရွေးချယ်ခံခဲ့ရပါတယ်။
နက်ရှ်ဗီလီ နောက်ခံလူကို ကန်ကျောက်ခဲ့တဲ့ အင်တာမီယာမီ တိုက်စစ်မှူး ဆွာရက်ဇ် တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
လီဗာပူးလ်အသင်းဟာ အင်တာမီလန် အသင်းနောက်ခံလူ ဘက်စ်တိုနီကို သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး နောက်ခံလူဖြစ်စေနိုင်မယ့် ပေါင် ၈၈.၁ သန်းဆိုတဲ့ ပမာဏနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဘာစီလိုနာ စိတ်ဝင်စားနေတဲ့ ၎င်းတို့အသင်းခေါင်းဆောင် အိုဒီဂတ်ကို ပေါင် သန်း ၈၀ အထိ တန်ကြေးတိုးမြင့်ထားပါတယ်။
ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ် အသင်းကြယ်ပွင့် အသက် ၁၈ နှစ်အရွယ် ဒီယိုမန်ဒီကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့ အပြိုင် ကြိုးစားနေပါတယ်။
အဲဗာတန် အသင်းဟာ နောက်ခံလူ ဘရိတ်ဝိတ်ကို လက်လွှတ်ခံဖို့ ဆန္ဒမရှိ ဖြစ်နေတာကြောင့် မန်ယူ အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချသွားမှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လက်ရှိ နည်းပြ စလော့သ် နေရာအစားထိုးဖို့အတွက် ကလပ်ဘရုဂျ် နည်းပြ နစ်ကီ ဟိုင်ယန်ကို စောင့်ကြည့်နေပါတယ်။
ရီးရဲလ်အသင်းဟာ ဗင်နီးရှက်ရဲ့ တန်ကြေးကို ယူရို သန်း ၁၅၀ ဝန်းကျင်သက်မှတ်လိုက်သလို ကစားသမားဘက်က နည်းပြ အလွန်ဆိုရဲ့ နည်းစနစ်တွေကို တိုက်ခိုက်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
555mix | ibet789
batman688 | Shan234 | Live22
ဘောလုံး | စလော့ | ဖဲ အကုန်ရ
တီးမယ်ဆိုရင်
Viber- 09777341008
Tele👉 @GOA_ibet789
Member 2သိန်းကျော်ရှိတာမို့ဝင်ရောက်လေ့လာပြီမှဆော့နိုင်ပါတယ်👇👇👇
@ibet789_555mix_ThreeKings_Bet
#555mix
#ibet789

