Andai Ibu Tidak Menikah Dengan Ayah [2025] Review 📃 နာမည်ကျော်… — 𝗡𝗶𝗰𝗸𝗲𝗹𝗼𝗱𝗲𝗼𝗻 𝗵𝗼𝗿𝗿𝗼𝗿 — TG.ME

Andai Ibu Tidak Menikah Dengan Ayah [2025]

Review 📃

နာမည်ကျော် အမျိုးသမီး ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Hadrah Daeng Ratu ရဲ့လက်ရာသစ်ဖြစ်ပြီး

လူမှုကွန်ယက်နဲ့ရုပ်ရှင်ဝါသနာအိုးတွေကြားမှာမထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သမီးသုံးဦး၊ မြေးတစ်ဦးနဲ့သက်လတ်ပိုင်းလင်မယားနှစ်ယောက်တို့ရဲ့ နွေးထွေးတဲ့

မိသားစုလေးကိုပုံဖော်ထားတာဖြစ်ပါတယ်။

နွေးထွေးတယ်လို့ထင်ရပေမယ့်လည်း အကြွေးပတ်လည်ဝိုင်းပြီးမိသားစုနဲ့ဇနီးဖြစ်သူကိုတစ်ချက်မှမငဲ့ပဲထင်ရာစိုင်းတတ်တဲ့

တကိုယ်ကောင်းဖခင်၊ တစ်အိမ်လုံးရဲ့အလုပ်တွေကိုရော စီးပွားရေးကိုပါ ဦးစီးနေရရှာတဲ့ မိခင်ဖြစ်သူနဲ့ အရွယ်အသီးသီး

သမီးသုံးယောက်ကြားမှာမျိုသိပ်ထားရတဲ့ အစိုင်အခဲလေးတွေကိုယ်စီရှီနေပြီး အဲ့ဒါတွေပေါက်ကွဲထွက်လာတဲ့အချိန်မှာ

သူတို့မိသားစုကြားမေးခွန်းလေးတစ်ခုပေါ်လာပါတော့တယ်။

အဲ့ဒါကတော့ ဇာတ်ကားရဲ့အမည်ဖြစ်တဲ့ မေမေသာ ဖေဖေ့ကိုလက်မထပ်ဖြစ်ခဲ့ရင်ဆိုတဲ့ မေးခွန်းပါပဲ။

မေးခွန်းရဲ့အဖြေနဲ့အကြောင်းရင်းကိုတော့ ဇာတ်လမ်းထဲမှာ
ဆက်လက်ရှုစားကြပါ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie199/3694

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
August 7, 2026 1K 2