အတိတ်ကို ကျောခိုင်းပြီး ပန်းချီဆရာလုပ်နေပေမယ့်
မပြီးပြတ်သေးတဲ့ အတိတ်ကဇာတ်လမ်း ဖြေရှင်းရတဲ့အခါ
ဆာဒါလီက အတိတ်ကိုကျောခိုင်းပြီး မာဂီလန်းမှာ ပန်းချီဆရာအဖြစ် ဖြတ်သန်းရင်း သူ့ဘ၀ရဲ့အရေးကြီးဆုံး ပန်းချီပြပွဲအတွက် ပြင်ဆင်နေပါတယ်။
ဒါပေမယ့် အတိတ်ကချစ်သူဟောင်း မာရာ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းစကားကြောင့် ရုန်းမထွက်နိုင်သေးတဲ့၊ ရုန်းထွက်နိုင်ခဲ့ပြီလို့ သူထင်ခဲ့တဲ့ အတိတ်နဲ့အတူ မာရာ၊
အန်နာဇာတို့ဟာသူ့ဘ၀ထဲကို တကျော့ကိုယ်စီပြန်ရောက်လာကြပြီး မပြီးပြတ်သေးတဲ့ အတိတ်ဇာတ်လမ်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ဖြစ်လာပါတော့တယ်။
ဒီဇာတ်ကားကိုလည်း ပရိသတ်တွေရဲ့တုန့်ပြန်မှုကောင်းတွေပဲ လက်ခံရရှိထားပြီး ဒရာမာများနေတဲ့ပထမဇာတ်ကားထက်စာရင် ဇာတ်ကောင်တွေက ပိုမိုရင့်ကျက်လာကြပြီး အချင်းချင်း အပြစ်တင်ငြူစူမှုတွေအစားအတိတ်က
အရိပ်တွေကို ပြည်ဖုံးကားချဖို့ Closure ယူပုံကိုအလေးပေးထားသလို တည်ငြိမ်တဲ့ အရောင်တွေ နောက်ခံဂီတအေးအေးလေးတွေကို Producton design အမိုက်စားတွေနဲ့သေသေသပ်သပ်တင်ဆက်ထားပါတယ်။
Forwarded fromKdmovie 1

September 7, 2026 15