နူ ဟာအလော-င်းရေချိုးတဲ့ အလုပ်ကို လုပ်ကိုင်ပြီး လော-င်းကစားလည်း အရမ်းဝါသနာပါတဲ့အတွက်သူ့မှာ ဖ-ဲကြွေးတွေလည်ပင်းခိုက်နေပါတယ်။ ကြွေးရှင်တွေက အသ-က်အန္တရာ-ယ်ကိုပါခြိ-မ်းခြော-က်လာတဲ့အခါမှာတော့သူတို့ပိုင်ဆိုင်ထားတဲ့ မြေတစ်ကွက်ကိုရောင်းချပြီး အကြွေးဆပ်ဖို့စီစဉ်တဲ့အချိန်မှာ ပြဿနာတစ်ခုပေါ်လာပါတယ်။ အဲ့ဒါကတော့ ဝယ်သူက မြေသန့်မသန့်စစ်ဆေးတဲ့အချိန်မှာ သူတို့မြေကွက်ထဲမှာ လူေ-သမြုပ်ထားတဲ့ နေရာတစ်ခုရှိနေတာပါ။
အဲ့ဒါကိုဇွတ်တိုးပြီး သင်္ချို-င်းမြေကိုတူးဖော်ပြီး နေရာရွှေ့ပြောင်းကြတဲ့နောက်မှာတော့ သူတို့လုပ်ခဲ့မိတဲ့အမှားအယွင်းတစ်ခုကြောင့် တူးဖော်ရာမှာပါဝင်ခဲ့တဲ့သူတွေဟာ ဆိုးဝါးတဲ့ ခြော-က်လှန့်ခြင်းတွေနဲ့ကြုံရပြီး တစ်ယောက်ပြီးတစ်ယောက်ထူးခြားစွာေ-သဆုံးကုန်ကြပါတော့တယ်။ အရှေ့တိုင်းနိုင်ငံအတော်များများရဲ့အယူအဆဖြစ်တဲ့ ဖု-တ်ဝင်ခြင်းကိုအခြေခံထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
မိုးကြိုးပ-စ်ချိန်၊ ကြောင်န-က်ကျော်ချိန်တွေမှာ အလော-င်းက ထထိုင်တတ်တယ်ဆိုတာမျိုးပါ သူတို့တွေနဲ့အယူအဆတူညီနေတာကိုတွေ့ရမှာဖြစ်ပြီး နောက်ဆုံးမှာ ဒီလိုဖြစ်ရပ်တွေကို အမှန်တကယ်တွေ့ကြုံခဲ့ဖူးတဲ့သူတွေနဲ့လည်း အင်တာဗျူးပြထားပါသေးတယ်။
Forwarded fromKdmovie 1

September 5, 2026 19