၂၀၂၆ ခုနှစ်ထွက် လျှို့ဝှက်ဆန်းပြားမှုတွေနဲ့အတူ တစ်ကွက်ချင်းစီမှာ ရင်တလှပ်လှပ်နဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် ရာဇဝတ်မှုခင်း သည်းထိတ်ရင်ဖို ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ အမျိုးသားတစ်ဦးဟာ ခြေရာလက်ရာ လုံးဝမကျန်အောင် စနစ်တကျ ဗျူဟာခင်းပြီး ခိုးယူတတ်တဲ့ သွေးအေးကျောက်မျက်သူခိုးတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာ သန်းနဲ့ချီတန်တဲ့ စိန်တွေကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ သေနတ်မှန်ဒဏ်ရာ ရသွားခဲ့ရာကနေ သူ့ရဲ့ စနစ်ကျလှတဲ့ စီမံကိန်းတွေ စတင် ကမောက်ကမ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ဝါရင့်စုံထောက်ကြီးတစ်ဦးဟာ ဒီခိုးမှုတွေရဲ့ အရိပ်အယောင် ကောက်ကြောင်းကို မိသွားပြီး နောက်ကြောင်းကို တရားသေ လိုက်ပါတော့တယ်။
ဒီကြားထဲ ရာထူးတိုးမရလို့ ကုမ္ပဏီအပေါ် မကျေမနပ်ဖြစ်နေတဲ့ အာမခံပွဲစား အမျိုးသမီးတစ်ဦးဟာလည်း ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စိန်တုံးအရောင်းအဝယ် ကိစ္စကို ဒီသူခိုးနဲ့ ပူးပေါင်းပြီး အကွက်ကျကျ ဓားပြတိုက်ဖို့ လျှို့ဝှက်သဘောတူညီချက် ရယူလိုက်တဲ့အခါမှာတော့...။
ဉာဏ်ကစားကြမယ့် သူခိုးနဲ့ စုံထောက်တို့ရဲ့ လိုက်တမ်းပြေးတမ်း ကစားပွဲ၊ သစ္စာဖောက်မှုတွေနဲ့ မာယာတွေကြားထဲမှာ ဘယ်သူက နောက်ဆုံးအကွက်ကို အပိုင်ချုပ်သွားမလဲဆိုတာ ဇာတ်ရှိန်တက်တက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းကြီး ဖြစ်ပါတယ်။
Movie Link
