ဘဝဟာ ရေတစ်ခွက်ဆိုရင်တောင် ကိုယ်ထပ်ဖြည့်ချင်တဲ့အရာက ရောင့်ရဲတတ်တဲ့စိတ်… — Here's 🥯 — TG.ME

ဘဝဟာ ရေတစ်ခွက်ဆိုရင်တောင်
ကိုယ်ထပ်ဖြည့်ချင်တဲ့အရာက
ရောင့်ရဲတတ်တဲ့စိတ် ဖြစ်ပြီး
လျှံကျချင်တဲ့ အရာက မေတ္တာတရားပါ ။

အဝေးကြီးက လရောင်မှ
လှတာ မဟုတ်ပါဘူး ။
ကိုယ့်ရင်ထဲ 'သာ' တဲ့ကြယ်လေးတွေလည်း
ကျေနပ်ကြည်နူးတတ်တဲ့စိတ်နဲ့ဆို
တစ်ကိုယ်စာတော့ လင်းပါတယ် ။

အများကြီးတော့
မျှော်လင့်မထားတာအမှန်ပါ ။
မနက်ဖြန်ဆိုတာက
မတည်မြဲတတ်ဘူးလေ ။

ပြောင်းလဲတတ်တဲ့အရာတွေကို
အလိုက်သင့် လက်ခံ
ပြိုလဲတတ်တဲ့ သဘောတွေကို
အပြုံးမပျက် စောင့်ကြည့်
ငြိတွယ်တတ်တဲ့ နှောင်ကြိုးတွေကို
ဖြည်းဖြည်းချင်း ဖြေလျှော့ရင်း

လောကဓံ အရိုက်အခတ်တွေကို
သတိရိုးတံလေးနဲ့  ပြန်ပြန်မတ်နေရတယ် ။

နေချိန်မှာ
အတ္တကင်းကင်းနဲ့ ကြိုးကြိုးစားစား
ပွင့်ဝေခဲ့ဖို့ ၊

သေချိန်မှာ
ရနံ့သင်းသင်းနဲ့ ရိုးရိုးသားသား
လွင့်ကြွေခဲ့ဖို့

🫧

·‌ ‹ 。꒱ #Nyo
·‌ ‹ 。꒱ #PhooThitsarNyo
·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ
·‌ ‹ 。꒱ #Letter
·‌ ‹ 。꒱ #Crd_to_original_writer
❤2👍1
November 20, 2024 136 1