အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ လူကြီးဆန်ခြင်း… — Here's 🥯 — TG.ME

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ လူကြီးဆန်ခြင်း တစ်မျိုးပါ။ အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တစ်မျိုးပါ။ အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ သဘောထား ကြီးခြင်း တစ်မျိုးပါ။ အဖြစ်အပျက် အမှန်ဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ်။ စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။ မေတ္တာရဲ့ အအေး အနွေး ဟာ အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။ ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့... ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့... နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို... နားမလည်ချင်တဲ့ သူအတွက် ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။ စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့ ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။ လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ နောက်ဆုံးမှာ တကယ်မနစ်နာသလို ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း နောက်ဆုံးမှာ တကယ် မရှူံးပါဘူး..... ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။ 🫧 ゜ઇ @Nyo_paradise295 ˖ ! ˚ ꒰ ა @PTNyo_bot ໒ ꒱ ·‌ ‹ 。꒱ #Nyo ·‌ ‹ 。꒱ #PhooThitsarNyo ·‌ ‹ 。꒱ #𝓟𝑇𝓝๑ꕤ ·‌ ‹ 。꒱ #personal_growth ·‌ ‹ 。꒱ #Crd_to_original_writer

November 22, 2024 145 2