Aniimo ရဲ့ Release Dates တွေ ထွက်ပေါ်လာပါပြီ... Palworld ပြီးရင်… — HELLO YDB — TG.ME

Aniimo ရဲ့ Release Dates တွေ ထွက်ပေါ်လာပါပြီ...

Palworld ပြီးရင် နောက်ထပ် စောင့်မျှော်စရာကောင်းတဲ့ Creature-catching Open-world RPG အသစ်ဖြစ်တဲ့ Aniimo ဟာ သူ့ရဲ့ တရားဝင် Release dates တွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Pawprint Studio ကနေ Develop လုပ်ထားတဲ့ ဒီ Free-to-play ဂိမ်းဟာ လာမယ့် September 16 မှာ PlayStation 5, Xbox Series X|S နဲ့ PC တွေအတွက် အရင်ဆုံး စတင် Launch လုပ်ပေးသွားမှာဖြစ်ပြီး Mobile ပေါ်မှာ ဆော့ချင်တဲ့ သူတွေအတွက်ကတော့ တစ်ပတ်အကြာ September 23 မှာ iOS နဲ့ Android တွေအတွက် ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ အဓိက စိတ်ဝင်စားစရာ အကောင်းဆုံး Feature ကတော့ ရိုးရိုး Creature တွေကို ဖမ်းခိုင်းရုံတင် မဟုတ်ဘဲ ကိုယ်ဖမ်းထားတဲ့ ကောင်လေးတွေနဲ့ ကိုယ်တိုင် ပေါင်းစပ်ပြီး Twine mechanic Skill တွေ၊ Traversal တွေ သုံးလို့ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ အတူတူ ဆော့လို့ရမယ့် Multiplayer Co-op တွေ၊ PvP (Egg Heist) Mode တွေနဲ့ ကိုယ်ပိုင် Base လေးတွေပါ ဆောက်လို့ရမယ့် Homeland System တွေလည်း ပါဝင်လာမှာပါ။ Cross-platform ပါ Support ပေးထားတာမို့ Platform မတူလည်း အတူတူ ဝင်ဆော့လို့ရမှာ ဖြစ်ပါတယ်။
❤7
August 27, 2026 262 1 2