ဘာသာစကားပြောတတ်ဖို့ နှေးနေတဲ့ လူတွေအတွက် Shadowing Method ခေါင်းထဲမှာ… — GYS Online Classes Channel — TG.ME

ဘာသာစကားပြောတတ်ဖို့ နှေးနေတဲ့ လူတွေအတွက် Shadowing Method ခေါင်းထဲမှာ စာလုံးတွေ ဘယ်လောက်သိသိ ပါးစပ်ကနေ အသံထွက်ဖို့ အရမ်းနှေးနေတဲ့ ပြဿနာ ကြုံဖူးလား 🐌 ကိုယ်ပြောချင်တဲ့ စာသားကို ခေါင်းထဲမှာ စီစဉ်နေတုန်း တစ်ဖက်လူက တခြား Topic တစ်ခုကိုတောင် ရောက်သွားပီလေ ဒီလိုမဖြစ်အောင် ပါးစပ်ကြွက်သားတွေကို အမြန်ဆုံး သွက်လာစေမယ့် "Shadowing Method" အကြောင်း ပြောပြပေးမယ်... အရင်ဆုံး နားထောင်ရင်း ချက်ချင်း လိုက်ပြောပါ Shadowing ဆိုတာ အရိပ်လို လိုက်လုပ်တာပါ. Netflix ကြည့်နေရင်း မင်းသားပြောတဲ့ စာသားကို သူပြောပီးတာနဲ့ တပြိုင်နက်တည်း နောက်ကနေ ပါးစပ်က အသံထွက်ပီး လိုက်ပြောကြည့်ပါ။ ပြီးတော့ Emotion ပါ ထည့်ပီး ကူးချပါ စာသားချည်းသက်သက် ရွတ်နေတာမျိုး မဟုတ်ဘဲ သူတို့ရဲ့ လေယူလေသိမ်း၊ ဒေါသထွက်တဲ့အသံ၊ ဝမ်းနည်းတဲ့အသံကအစ အတိအကျ လိုက်တုပီး ပြောရမှာပါ 🎭 နောက်တစ်ခုက သီချင်းတွေနဲ့ အရင်စလို့ရတယ်ဗျ။ ရုပ်ရှင်တွေက မြန်လွန်းတယ်ဆိုရင် ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေကို ဖွင့်ပီး စာသားလေးတွေ ဖတ်ရင်း နောက်ကနေ လိုက်ဆိုကြည့်ပါ... ဒီနည်းလမ်းက နိုင်ငံခြားသားနဲ့ တိုက်ရိုက် မပြောရဲသေးတဲ့ သူတွေအတွက် အခန်းထဲမှာ ကိုယ့်ဘာသာ လေ့ကျင့်ဖို့ အကောင်းဆုံးပါပဲ 💯 ကိုယ့်မှာရော အခုထိ စကားပြောဖို့ နှေးနေသေးတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ ပြောပြခဲ့ပါဦး 👇

August 27, 2026 1.5K 3 4