Customer က Feature မခံစားရဘူး။ Future ကို ခံစားတာ။ 🥶… — Pyae Phone - GYS 📚 — TG.ME

Customer က Feature မခံစားရဘူး။
Future ကို ခံစားတာ။
🥶
————————————————————-
Storytelling ဆိုတာ
ပုံပြင်ပြောတာ မဟုတ်ဘူး။
Information ကို မှတ်မိအောင် လုပ်ပေးတဲ့ Framework တစ်ခုပဲ။

ဥပမာ...

"ကျွန်တော်တို့ GYS မှာ အိမ်စာစစ်ပေးတယ်"

လို့ပြောတာထက်

"ကျောင်းသားတစ်ယောက်ရှိတယ်ဗျ...
Video တွေတော့ အဆုံးထိကြည့်တယ်။
ဒါပေမဲ့ ဘာမှ မတိုးတက်ဘူးလို့ ထင်နေတာ။
နောက်မှ Homework တင်ပြီး ဆရာမကိုမေးကြည့်တော့
သူမှားနေတာ Grammar မဟုတ်ဘူး...
အသုံးချတဲ့ ပုံစံမှားနေတာ"

လို့ပြောလိုက်ရင် တူညီတဲ့ Message ပဲ။
ဒါပေမဲ့ လူတွေ ပိုမှတ်မိတယ်။
Marketing မှာ လူတွေ Product မဝယ်ဘူး။
သူတို့ကိုယ်သူတို့ မြင်ရတဲ့ Story ကိုဝယ်တာ။

Gym Membership မဝယ်ဘူး...
ဝိတ်ကျသွားတဲ့ ကိုယ့်ပုံစံကို ဝယ်တာ။
English Class မဝယ်ဘူး...
Interview မှာ ယုံကြည်ချက်ရှိရှိ ပြောနိုင်တဲ့ Confident ကို ဝယ်တာ။
Business တော်တော်များများရဲ့ အမှားက
Feature တွေပဲ ပြောနေကြတာ။

Customer က Feature မခံစားရဘူး။
Future ကို ခံစားတာ။


ဒါကြောင့် Marketing လုပ်တဲ့အခါ
Product အကြောင်း မစဉ်းစားခင်
Customer ရဲ့ Story ကို အရင်စဉ်းစားရတယ်။
သူ ဘယ်နေရာက စလာတာလဲ...
ဘယ်ပြဿနာ ကြုံနေတာလဲ...
ဘယ်နေရာကို ရောက်ချင်တာလဲ...
တကယ်တော့ Customer က Hero ပါ။
Business က Hero မဟုတ်ဘူး။

Business က လမ်းညွှန်မြေပုံတစ်ခု ပဲ။


Marketing/ Branding စိတ်ဝင်စားတဲ့သူတွေရှိကြလား
ကျွန်တော် ဆက်ရေးပေးလို့ရအောင်မေးတာပါ။
❤52🔥5
August 3, 2026 2.8K 14 7