အမေရိကန် နိုင်ငံခြားရေးဌာန
အာရှရေးရာ ကော်မတီ အစည်းဝေးမှ
သုံးသပ်ချက်.......
လက်ရှိရေဘေးအခက်ခဲ ကျော်လွန်သွားရင်တောင်မှ
ယခင်ထဲက စီးပွားရေးကပ်ဆိုက်နေတဲ့
မြန်မာပြည် အတော်ကြီးကို ခက်ခဲကြရအုံးမယ်....
(၁) လက်ရှိ နိုင်ငံတကာ မြေယာစောင့်ကြည့်ရေးက
သုံးသပ်ခန့်မှန်းထားချက်က
လူဉီးရေး ၃၈ သန်းစာအတွက်
စားနပ်ရိပ်က္ခာ
ဆေးဝါးနှင့်
လုံခြုံတဲ့ အိမ်ယာတွေ
အခက်ခဲဖြစ်နေမှာ ဖြစ်ပြီး
စိုက်ပျိုးရေးနဲ့
မွေးမြူရေးကလည်း
ပျက်စီးသလောက်ဖြစ်ကုန်ပါပြီတဲ့..
(၂)နိုင်ငံခြားသွင်းကုန်ကလည်း
ဝယ်ယူဖို့ ပြည်တွင်းက
စိုက်ထုတ်အားနဲ့ ထုတ်ကုန်အပါဝင်
ရှာဖွေနိုင်တဲ့ငွေက အလုံလောက်
မရှိကြတော့ပါဘူးတဲ့...
(၃) လူဉီးရေ တစ်သောင်းမှာ
လူ ၈ ဉီးပဲ ထမင်းနှစ်နှပ် စားနိုင်ပြီး
ကျန်တဲ့ လူဉီးရေ ကိုးထောင် ကိုးရာ ကိုးဆယ် နှစ်ယောက်က
နေ့စဉ် ထမင်းနှင့် ဆေးဝါး အဟာရ ပုံမှန်ရဖို့ခက်ခဲပါမယ်..
(၄) စစ်မှု့မထမ်းမနေရ ဉပဒေကလည်း
အားကောင်းမောင်းသန်လူငယ် လူလတ်တွေကို
ချေကျင်းခတ်လိုက်သလိုဖြစ်တဲ့အတွက်
မိသားစုဝမ်းရေးအတွက် နိုင်ငံခြားထွက်
အလုပ်လုပ် ပြန်ပို့ပေးနိုင်တဲ့ အခြေနေတွေလည်း
မရှိကြတော့ပါဘူးတဲ့
(၅) လက်ရှိ ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ ၇၄ ရားနုန်း
ဝန်းကျင်မှာ ပြည်တွင်းစစ်တွေဖြစ်နေပြီး
ထိမ်းချုပ်နယ်မြေလုပွဲတွေဆက်ဖြစ်နေမှာဖြစ်သလို
စစ်တပ်က နိုင်ငံရေးအရ တစုံတရာ
အပြောင်းလဲနှင့် အပေးယူလုပ်တာမရှိလျင်
ပိုပြီး အခြေနေဆိုးလာမှာပါ...
(၆) စကစ အာဏာအပြည့်လောက်
သက်ရောက်နေတဲ့ မန္တလေးတိုင်း
ရန်ကုန်တိုင်းတို့မှာ အလုပ်လက်မဲ့နှင့်
အလုပ်ကိုင်အခွင့်လမ်း ပျောက်ဆုံးပြီး
လုပ်ငန်းရှင်များကိုယ်တိုင်
စီးပွားရေးမလုပ်ရဲ မကိုင်ရဲအောင်
ဖြစ်လာမယ်လို့ ဆိုပါတယ်,,,
(၇) အဆင်ပြေကြီးမဟုတ်ရင်တောင်
တိုင်းရင်းသားတပ်ဖွဲ့တွေသိမ်းယူထားတဲ့
ဒေသအချို့အမှာ စကစ မှ နေ့စဉ်
လေကြောင်းတိုက်ခိုက်မှု့ကြားတွေထဲကပဲ
အသက်ဆက်ဖို့ မြေယာအချို့ အတော်ကလေး
ရှိနေတဲ့အတွက် စိုက်ပျိုး မွေးမြူရေးကလေးတွေ
တပိုင်တနိုင် လုပ်ကိုင်ပြီး အသက်ဆက်ကြရပါမယ်တဲ့,,,
(၈) အတော်အသင့် အဆင်ပြေတဲ့ နေရာ
မြန်မာပြည်မှာ သုံးခုလောက်ပဲ ရှိပါတော့တယ်
ဧရာဝတီတိုင်း ဒေသ .. မွန်ပြည်နယ် အထက်ပိုင်းနှင့်
တနသ်ာရီ ကမ်းရိုးတမ်းဒေသ အချို့ပဲ ရှိပါတော့တယ်တဲ့...
(၉) စကစ ကတော့ အာဏာကို ကျားကုတ်ကျားခဲ
ဆက်လက် ချုပ်ကိုင်ထားမှာဖြစ်ပြီး
စစ်ရေးအသာစီးရဖို့ အားထုတ်လုပ်ကိုင်နေမှာဖြစ်သလို
နိုင်ငံရေးအာဏာကိုလည်း လက်မလွတ်ရဖို့
ဖက်တွယ်ထားမှာ ဖြစ်တဲ့အတွက်
နိုင်ငံအတွင်းကပြည်သူ တွေအတွက်
ဖြေလျော့ပေးတာမျိုးတော့ လူသားဆန်ဆန်
လုပ်ဆောင်လာဖို့ အကြောင်း မမြင်ပါဘူးလို့ ဆိုတယ်...
ဂိုလ်ရှယ်လေး
17September 15, 2024 2.6K 2