မောင်တောဒေသက မျိုးဆွေတို့ သိဖို့ ရေးသည်..
ကျမကို ခွင့်လွှတ်ပါတဲ့..
----------------------------
ဆရာတို့ မသယ်နိုင်တာကို
ကျမ သယ်ခဲ့ပေးပါတယ်
တခုခု ပျောက်ရှ
တခုခု ကျိုးပဲ့ခဲ့သေးလား?
ကျမ ဂရုမစိုက်
တန်ဘိုးမထားပဲ
လုပ်ခဲ့မိတာများ ရှိသလား ရှင့်..?
ကျမကိုနားလည်ပေးပါ
အလောတကြီး
ဉီးကြီးနဲ့ ဒေါ်ကြီးတို့ရဲ့
အထုပ်တွေ
ကျမတို့ အာရက္ခတပ်တော်
တပ်သား တပ်သမီးတွေက
အသက်ဘေးရော ရန်ဘေးရော
ကင်းဝေးရာကို
ပို့ပေးခဲ့တာ အမှားတခုခု
ရည်ရွယ်မှု့ မရှိပဲ
ဖြစ်ခဲ့လျင်တောင်
ခွင့်လွှတ်ပေးပါ အခင်ကြီးတို့...
အာရက္ခ တပ်တော် စစ်သမီးပျို
မေးခဲ့လေသည်...
ဂိုလ်ရှယ်လေး

33August 15, 2024 2.5K