တူးဒီလောကထဲ စဝင်လာတော့ ဒီလောကထဲမှာ ကစားသူ အလွှာမျိုးစုံရှိတယ်ဆိုတာကို… — Golden Key — TG.ME

တူးဒီလောကထဲ စဝင်လာတော့ ဒီလောကထဲမှာ
ကစားသူ အလွှာမျိုးစုံရှိတယ်ဆိုတာကို
သတိထားမိလာတယ်။ ဂဏန်း ၁ ကွက်ကို
သိန်းဂဏန်းကစားသူရှိသလို
၁၀၀ ဖိုး ၂၀၀ ဖိုး ကစားသူတွေလည်း
ရှိကြတယ်။ ငွေရင်းပြီး ကစားကြတယ်
ငွေရဖို့ ဦးတည်တာဖြစ်လို့
အပူသောကတွေ များတယ်။
အလွှာမျိုးစုံမှ လူမျိုးစုံဖြစ်ခြင်း
လိုင်းပေါ်ကနေ တစ်ဦးကိုတစ်ဦး
မမြင်မတွေ့ရဘဲ ဆက်ဆံရခြင်း
ဒီလို အလွှာမျိုးစုံနဲ့
ရေရှည်မှာ ဘယ်လို ဆက်ဆံမလဲ
ကိုယ့်ဘက်က ဘယ်လိုစိတ်မွေးမြူးရမလဲ
ဒါကို စဉ်းစားမိတယ်။

ပထမဆုံး သည်းခံစိတ်မွေးဖို့ ဆုံးဖြတ်တယ်။

ဒုတိယ ဝန်ခံစိတ်၊ တောင်းပန်စိတ်
ကိုယ်ဂဏန်းပေးလို့ မှားတဲ့ခါ
မှားကြောင်းဝန်ခံတယ်။ ကိုယ့်ဂဏန်းပေးမှားတဲ့အခါ
ဘယ်သူ့မှ ပတ်ရမ်းနေစရာမလိုသလို
ဘယ်သူ့ကိုမှ အပြစ်တင်နေစရာမလိုပါဘူး
မှားရင် မှားတယ် လွဲရင် လွဲတယ်ပဲ

တတိယ မေတ္တာစိတ်
ကိုယ့်ဂဏန်းကြောင့် ဖြစ်စေ
ဘယ်သူဂဏန်းကြောင့်ဖြစ်စေ
ကစားသူများ အဆင်မပြေကြသူများ
အဆင်ပြေကြပါစေဆိုတဲ့ မေတ္တာပို့စကား

ဒီလိုစိတ်မျိုးကို မွေးဖို့ ဆုံးဖြတ်ခဲ့တယ်။

ဘယ်လိုမျိုးတွေကို သည်းမခံဘူးလဲ
ကစားသူတွေအပေါ် မောက်မာတာ
မိုက်ရိုင်းတာ အထာကိုင်တာ
ခံကြပေါ့ စေတနာနဲ့မတန်ဘူးတို့
ခနဲ့တဲ့စကားလုံးတွေ
ဆရာကြီးအထာလုပ်တာတွေ
အဆင်မပြေသူ ကစားသူတွေအပေါ်
သူသိ သူတတ် သူပေးမှ
ဂဏန်းရမယ့်ပုံတွေဖမ်းတာ
ဒါမျိုးတွေကို ကျွန်တော်ကိုယ်တိုင်လည်း
မလုပ်သလို ဒါမျိုးလုပ်သူတွေကိုလည်း
ကျွန်တော် လုံးဝ သည်းမခံပါဘူး။

တူးဒီဂဏန်းမပေါက်လို့ ရှုံးပါတယ်ဆိုမှ
ဂဏန်းပေးသူအပေါ် ထပ်ကြောက်နေရရင်
ကစားသူတွေ ဘယ်လောက်တောင်
ရင်ပူနေကြမလဲ။ ဒီလောကက ငွေကြေးကိစ္စ
ပါလာတော့ မာယာများတယ် ပြောရမှာပဲ
ဘာပဲဖြစ်ဖြစ် ဒီလောကကနေ
ရုန်းထွန်နိုင်ရင် ရုန်းထွက်ကြပါ
မရုန်းထွက်နိုင်ရင် ဘဝပျက်အောင်
မလုပ်မိဖို့ မကစားမိဖို့ သတိထားပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

🙏🙏🙏🙏🙏🙏🙏🙏🙏
❤413👍41🙏23🥰17😍4
September 4, 2026 3.1K 132 5