Create with OMERA: post #2375 — TG.ME

ဒီတပတ်ကျန်တော် Make Your Bed စာအုပ် ဖတ်နေတုန်း ခေါင်းထဲ အကျင့်သေးသေးလေးတွေကစပြောင်းရမယ်ဆိုတဲ့အတွေး ၀င်လာတယ်

မနက် ထတာနဲ့ အိပ်ယာ အရင်သိမ်း.. 💎


ဒီ သေးငယ်တဲ့အရာ တစ်ခုလေးလုပ်တာက တနေ့တာအတွက်
Momentum ပေးတယ်ဆိုတာ
ဖတ်ပြီးတော့မှ တကယ် ခံစားရစေတယ်

ဒါအပြင် ဒီစာအုပ်ထဲမှာ စိတ်၀င်စားစရာကောင်းတဲ့ အချက် 5 ချက်က နောက်ထပ်ရှိသေးတယ်

ပထမတချက် Start Small ဆိုတဲ့ အပိုင်း


"ကြီးကြီးမားမား ဘာမှ မလုပ်နဲ့
ခုနက မနက်ခင်းမှာ Bed လေး သပ်ထား"

ဒါပဲ ပြောတာ။

ဒါမျိုး Small win တစ်ခု လုပ်နိုင်ရင် အဲတာကဘဲ ကျန်တော်တို့ကို နောက် Small win တစ်ခုဆီကို ဆွဲခေါသွားပါတယ်။

မနက်ထတာနဲ့ ဘယ်အလုပ်ဒီနေ့စလုပ်ရမယ်ဆိုတဲ့ To do အရင်ကြည့်တာထက်
အိပ်ယာအရင်သိမ်းတာက
ပိုထိရောက်ပါတယ်

ဒုတိယတချက် — Life is not Fair


သူများတွေက မိုက်လိုက်တာ ပိုက်ဆံရှိတယ် ။ မိဘနောက်ခံရှိတော့ နိုင်ငံခြားကျောင်းတွေ တက်နေကြရတယ်
ငါကျမှ ဘာလို့....
ဒါမျိုးအတွေးက ကိုယ့်ကိုဘဲ Weak ဖြစ်စေပါတယ်

ဒီတွေးနေတဲ့ အချိန်ကို
ဘယ်လို ပြင်ရမလဲ ဆိုတဲ့ Action ယူဖို့
သုံးလိုက်ရင် ဘယ်လောက် ကောင်းမလဲ ဆိုတာ
ဒီ Chapter ဖတ်ပြီးတော့မှ ခံစားမိတယ်

တတိယတချက်
Find people to Paddle with


ဒီအပိုဒ်ဖတ်တဲ့ အချိန် ခေါင်းထဲ အရင်ပေါလာတာက ကျန်တော်ပေါင်းနေတဲ့
သူငယ်ချင်းတွေ.....

လှေကိုတယောက်ထဲ လှော်တာနဲ့ နှစ်ယောက်‌ေလှာ်တာက
မတူဘူးဆိုတာ ဒီ Chapter ပြောပေးတယ်
အဲ့တာကြောင့်
ကိုယ့် Journey မှာ ဘေးနားက လူကို
တစ်ချက် ပြန်ကြည့်ဖို့ ဒီ Chapter က သတိပေးတယ်

စတုတ္ထတချက် Face the Sharks


ဒါကတော့ ကျန်တော် အကြိုက်ဆုံး Chapter ပဲ

ကမ်းခြေ ရေသွားဆော့တဲ့အချိန်
ရေထဲမှာ Shark ရှိတယ်ဆိုပြီး
ရေမဆော့ရင် သွားရကျိုး မနပ်ဘူး..

ဒါ ဖတ်တုန်းမှာ
ကျနော် ရှောင်နေတဲ့ အရာတွေ ကိုယ်တိုင်
သိသွားတယ်

ကြောက်ရင်လဲ ကြောက်နေရပါစေ
ဆက်လုပ်စရာ ဆက်ရမယ် ဆိုတဲ့Lesson က
ဒီ Chapter ကသေချာလေးသင်ပေးပါတယ်

5ချက်‌မြောက်ကတော့ Never Stop



ကျန်တော်လေ့လာမို့ ကျန်တော့်Content တွေကို ကျန်တော် ပြန်ကြည့်ရတယ်ဆိုရင် ယုံကြမလား

ဒီ Content လေးလုပ်ချင်တယ် ဒါပေမဲ့ မဖြစ်သေးတာ မသိသေးတာ မျိုးတွေကြုံလာရင် ကျန်တော်မရပ်ဘူး ။ မသိလဲ information လိုက်မေးတာ / ရှာတာ မျိုးတွေနဲ့ လုပ်ချင်တယ် ဆိုရင် ဘယ်လောက်ကြာကြာ ရအောင်လုပ်ပလိုက်တယ်

အဓိကကတော့ မသိရင်ရအောင်ရှာ
ကြာရင်လဲကြာပါစေ

"Slow ဖြစ်ရင် ဖြစ် Stop မလုပ်နဲ့"


အဓိက ဒါပါဘဲ

ကျန်တော်လဲ ဖတ်သမျှ လေ့လာသမ‌ျှစာအုပ်‌ေတွ ဒီထဲဘဲပြန် Sharing လုပ်နေတာ
လုပ်ရင်းနဲ့ Editing ကနေ
Knowledge sharing ဘဲပြောင်းရတော့မယ်ထင်တယ်
😂

ဒါနဲ့ ဒါမျိုး Content တွေက niches နဲ့တော့ မဆိုင်ပေမဲ့ ကိုယ့်လူတွေ အတွက်တော့ အသုံး၀င်မယ်ထင်တယ် ။

အသုံးမ၀င်ဘူး
ရှပ်နေတယ်ဆိုရင်တော့

ဆက်မတင်ပေးဘဲ
editing ပိုင်းဘဲတင်ပေးပါမယ်
😜
❤40🔥4👏3
July 20, 2026 4.1K 5 6