၁၉၈၁ ခုနှစ်က ပရိသတ်တွေကို မျက်ရည်ဝဲစေခဲ့တဲ့ Disney ရဲ့ ဂန္ထဝင် လက်ရာဟောင်းကို အခြေခံပြီး ၂၅ နှစ်အကြာမှာ ထွက်ရှိလာတဲ့ကားလေး ဖြစ်ပါတယ်။ မူရင်းကားရဲ့ လေးနက်ကြေကွဲဖွယ် ဒရာမာအငွေ့အသက်တွေအစား ကလေးဘဝရဲ့ ပေါ့ပေါ့ပါးပါး ဟာသနဲ့ Country Music (ကျေးလက်တေး ဂီတ) တွေကို အဓိက ဦးစားပေး ဖန်တီးထားပါတယ်။ Rebo McEntire နဲ့ Patrick Swayze တို့လို နာမည်ကြီး အနုပညာရှင်တွေ ကိုယ်တိုင် အသံသရုပ်ဆောင်ပြီး သီဆိုထား တာကြောင့် တေးသီချင်းတွေဟာ နားထောင်လို့ အလွန် ကောင်းပြီး တက်ကြွမှု အပြည့်ရှိပါတယ်။ ဒီကားလေးက မူရင်းကားရဲ့ အဆုံးသတ်နောက်ပိုင်းကို ဆက်သွားတာ မဟုတ် ဘဲ တော့ဒ်နဲ့ ကော့ပါးတို့ ကလေးဘဝ သူငယ်ချင်းဖြစ်နေဆဲ အချိန်ကာလကို အလယ်ကနေ ညှပ်ထုတ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းသဘောပါ။ ဇာတ်လမ်းလေးကတော့ ငယ် သူငယ်ချင်းတွေဖြစ်ကြတဲ့ မြေခွေးပေါက်စလေး တော့ဒ် နဲ့ အမဲလိုက်ခွေးပေါက်စလေး ကော့ပါးတို့ဟာ ရွာရဲ့ ဒေသန္တရ ပျော်ပွဲရွှင်ပွဲ (County Fair) ကို သွားရောက်လည်ပတ်ကြပါ တယ်။ အဲဒီပွဲမှာ လေလွင့်ခွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ "The Singin' Strays" ဆိုတဲ့ နာမည်ကြီး Country တေးဂီတ အဖွဲ့နဲ့ ဆုံတွေ့ပြီး၊ ခေါင်းဆောင်ခွေး ကတ်ရှ် နဲ့ အဓိက အဆိုတော် မမခွေး ဒစ်ဇီတို့ ရန်ဖြစ်ကာ ဒစ်ဇီက အဖွဲ့ကနေ ထွက်သွားပါတယ်။ အဲဒီမှာတင် ကော့ပါးရဲ့ အမဲလိုက်ခွေး ဟောင်သံ (Howling) စွမ်းရည်ကို သဘောကျသွားတဲ့ ကတ် ရှ်က ကော့ပါးကို အဖွဲ့ရဲ့ အဆိုတော်အသစ်အဖြစ် ချက်ချင်း ခေါ်ယူလိုက်ပါတယ်။ ဒီမှာတင် အောင်မြင်ကျော်ကြားလာတဲ့ ကော့ပါးအနေနဲ့ သူငယ်ချင်းနဲ့ ပျော်ဖို့ ပေးထားတဲ့ကတိတွေ မေ့ပြီး သူငယ်ချင်းနှစ်ဦးကြား အဖုအထစ်လေးတွေ ဖြစ်လာ ပြီး ဒီပွဲတော်အတွင်း ဘာတွေဖြစ်ကြမလဲဆိုတာကို ရှုစားရမှာပါ။
https://t.me/disney511/6838

