"တောင့်ခံပါ၊ ငိုချင် ငိုချလိုက်ပြီး ငိုချရင်းနဲ့ အဆုံးထိတောင့်ခံပါ" ဒါက ကျမ စိတ်ရောလူပါ ပင်ပန်းနေတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းခဲ့တာပါပဲ။ ဘယ်လောက်ထိတောင် တောင့်ခံရမလဲဆို ကိုယ်တတ်နိုင်တာထက် အဆပေါင်းများစွာ တောင့်ခံနိုင်တယ်ဆိုတဲ့စိတ်နဲ့ တောင့်ခံပါ။ ဒီနေ့တစ်ရက် စိတ်ဆင်းရဲရရင် "ငါ နောက်ထပ် ရက် ၃၀ လောက်အထိ စိတ်ဆင်းရဲရလည်း ဖြစ််တယ်၊ ငါလုပ်စရာရှိတာ ဆက်တိုက်လုပ်ရင်း တောင့်ခံနေမှာ" ဆိုတဲ့စိတ်နဲ့ တောင့်ခံပါ။ တောင့်ခံနေရင်း ငိုလို့ရတယ်၊ ခဏအနားယူလို့ရတယ်၊ အသက်ဝဝရှူလို့ရတယ်၊ အလှပြင်ပြီး စိတ်ပြေလက်ပျောက် အပြင်ထွက်လို့ရတယ်၊ အတွေးမများအောင် လေ့ကျင့်ခန်းလုပ်လို့ရတယ်၊ ဘုရားရှိခိုးရင်း ငိုချလို့ရတယ်၊ တရားထိုင်ရင်း မျက်ရည်ကျလို့ ရပါတယ်။ ကျမ မှတ်သားထားတဲ့ တိဗက်အတွေးအခေါ်တစ်ခု ရှိပါတယ်။ 'မုန်တိုင်းတွေ တိုက်ခတ်လာတဲ့အခါ တောင်တန်းကြီးတွေက နေရာရွှေ့ပြီး မပြေးပါဘူး၊ မုန်တိုင်းကို တိတ်ဆိတ်စွာနဲ့ပဲ ဖြတ်သန်းခွင့်ပေးလိုက်ပါတယ်' တဲ့။ ဒီစကားစုလေးကို သဘောကျလို့ ပို့စ်တစ်ခုကနေ Notebook ထဲ ရေးမှတ်ထားခဲ့တာပါ။ မူရင်းပိုင်ရှင်တွေကို လေးစားစွာ Credit ပေးပါတယ်။ အားလုံးလည်း အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ 💚
တောင့်ခံပါ၊ ငိုချင် ငိုချလိုက်ပြီး ငိုချရင်းနဲ့ အဆုံးထိတောင့်ခံပါ"… — Gem-Citrine In Your Heart — TG.ME
August 24, 2026 5.9K 14 30