သူတို့ဟာ တစ်ဖက်နှင့်တစ်ဖက် မုန်းတီးခြင်းတော့ အလျဉ်းမရှိကြပါချေ။… — Gem-Citrine In Your Heart — TG.ME

'သူတို့ဟာ တစ်ဖက်နှင့်တစ်ဖက် မုန်းတီးခြင်းတော့ အလျဉ်းမရှိကြပါချေ။ ချစ်ခြင်းမေတ္တာ၌ ချစ်ခြင်းသည်သာ သူတို့ကြား မရှိတော့ခြင်းဖြစ်ပြီး မေတ္တာကတော့ လူသားအချင်းချင်းမို့ ရှိနေဆဲ။ သို့သော် သည်လူ့အပေါ်ကိုမှ မေတ္တာတွေယိုဖိတ်နေတာမျိုးတော့ လုံးဝမရှိပါတော့ချေ။' The End ရဲ့ အစပိုင်းတွေကို ပြန်ဖတ်ကြည့်လိုက်တာ၊ အရင်းနှီးဆုံးလူတွေ သူစိမ်းလိုဖြစ်သွားကြရင် ပိုစိမ်းသွားကြတယ်ဆိုတာ အမှန်တရားနော်။ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းသိ၊ အဆင်းသိ ဖြစ်နေပါလျက်နဲ့၊ မျက်စိရှေ့မှာ မြင်နေပါလျက်နဲ့ အဲဒီလူနဲ့ပတ်သက်ပြီး စိတ်မဝင်စားတော့တာမျိုး။ အရာရာကို လျစ်လျူရှုထားလိုက်မိတော့တာမျိုး။ အဲဒီလူနဲ့ အဝေးဆုံးမှာပဲ နေချင်တော့တာမျိုး။ သူတို့မလို့သာ ပြန်ပေါင်းဖြစ်တာပါ။ အပြင်မှာ တော်ရုံဆို အဆင်ပြန်ပြေဖို့တောင် မလွယ်လောက်ဘူး။

August 22, 2026 6.1K 14 8