စာဖတ်သူတို့။
Fan Art ဖြစ်ဖြစ်၊ Cha Art ဖြစ်ဖြစ်၊ ဘယ် Art မဆို ငါတို့စိတ်ကူးထဲကနဲ့ တစ်ထပ်တည်းမကျနိုင်ဘူးဆိုတဲ့စိတ်ကလေးနဲ့ ကြည့်ပါ။ အနီးစပ်ဆုံးတူချင်လည်းတူမယ်၊ မတူချင်လည်း မတူပါဘူး။ ဘာလို့ဆို စာဖတ်သူတို့စိတ်ကူးထဲကပုံကို Print ထုတ်ထားတာ မဟုတ်လို့ပါ။
အကယ်၍ စာဖတ်သူတို့စိတ်ကူးထဲကပုံကို Print ထုတ်ပြီး ကျမဆီ အပြေးလာပြတယ်ထား။ ကျမက ကျမစိတ်ကူးထဲကပုံနဲ့ မတူဘူးလို့ ပြောချလိုက်ရင် ဘယ်လိုခံစားရမလဲ။
ကျမက ကျမစိတ်ကူးထဲကပုံကို Print ထုတ်ပြလိုက်ရင်လည်း စာဖတ်သူတို့နဲ့ တစ်ထပ်တည်းမတူနိုင်ပါဘူး။ အဲ့ဒါကြောင့် ကျမတို့အနေနဲ့ ကိုယ့်စိတ်ကူးနဲ့ တစ်ထပ်တည်းမကျရင် ကျော်သွားလိုက်တာက နှစ်ဦးနှစ်ဖက် စိတ်အေးချမ်းပါတယ်ရှင်။
[ကျမလည်း စာဖတ်သူတို့နဲ့အတူ ဆယ်စုနှစ်တစ်ခုကျော်လောက်ပဲ အတူရှိမှာပါ။ ဒီကာလအတွင်း မကြိုက်တာရှိရင် ကျော်သွားခြင်းအားဖြင့် အေးအေးချမ်းချမ်းပဲ နေကြရအောင်ပါ။ ဟုတ်ပြီလား။]
598
31
5
5
4
3
1
1August 21, 2026 5.6K 43 3