ဆရာမနုနုရည်အင်း၀ရေးသားထားတဲ့ဒီစာအုပ်လေးက လူပြောများပြီးအောင်မြင်ခဲ့တဲ့စာအုပ်လေးဖြစ်သလို
ရှေးရိုးအစဉ်အဆက်မြန်မာ့ရိုးရာပွဲတော်တွေထဲက အစည်းကားဆုံးပွဲတော်တစ်ခု ဖြစ်တဲ့တောင်ပြုန်းပွဲတော်ကြီးကို အခြေခံဇာတ်အိမ်တည်ထားတဲ့ စာအုပ်လေးဆိုရင်လည်းမှားမယ်မထင်ပါဘူး ဒီစာအုပ်လေးက
ဘာလို့ဆိုတောင်ပြုန်းဆိုတာ မိရိုးဖလာ ကိုးကွယ်ယုံကြည်သူတွေအတွက် နှစ်စဥ်နှစ်တိုင်း ကိုယ်တော်ကြီး၊ ကိုယ်တော်လေးတို့ကို နှစ်စဥ်မပျက် ပူဇော်ပသကြပြီး အဓိဌာန်ဝင်ကြ၊ ဆုတောင်းရင်ဖွင့်ကြ မိမိတို့ရဲ့စီးပွားရေးလှူမှုရေးစတဲ့ အဓိဌာန်အောင်စေဖို့ဆုတောင်းကျတဲ့နေရာတစ်ခုဆိုရင်လည်း မှန်ပါပေသည်။တောင်ပြုန်းပွဲလို့ပြောလိုက်တာနဲ့ နတ်ကတော် (ကနားစီး မိန်းမလျာ)တွေ ကိုစာဖတ်သူတွေတန်း မြင်မိကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒီစာအုပ်လေးမှာတော့
ဘ၀ပေးကံကြမ္မာကြောင့် မိန်းမလျာဘဝရောက်ပြီး နတ်ကတော်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဒေစီဂျိန်း (ဦးဘစီ) ရဲ့ ဘဝအကြောင်းကို သေချာရေးပြထားသလို သူချစ်ရတဲ့သူရဲ့ချစ်သူ(ယောင်္ကျား)မင်းမင်းတို့ အကြောင်းကို ဒီစာအုပ်လေးမှာ ဖတ်ရှုရမှာဘဲဖြစ်ပါတယ်။
ဒေစီဂျိန်းဟာ မင်းမင်းကို မြင်ကတည်းက သံယောဇဥ်ရှိ ချစ်ခင်ကြင်နာခဲ့ပြီး မင်းမင်း အသက်၁၆နှစ်လောက်တည်းက မင်းမင်း အမေဆီကနေ ငွေ၅၀၀ပေးပြီး အပိုင်သိမ်းလာခဲ့သလို ဒေစီဂျိန်းခေါ် (ဦးဘစီ)မှာလည်း
မိန်းမလျာတို့ရဲ့ သဘာဝအရ ကိုယ်ကချစ်ရပြီဆိုကတည်းက အရာရာမှာ ပုံအောပြီး မီးကုန်ယမ်းကုန်အမ်းပြီး မင်းမင်းကို ချစ်ရှာပေမယ့် အများအမြင်မှာ မင်းမင်းဟာ ဒေစီဂျိန်းရဲ့ ယောင်္ကျားပဲ။ ဒါပေမယ့် မင်းမင်းဘက်မှာတော့ ဒေစီဂျိန်းကို ဦးလေးတစ်ယောက်လို ကိုယ့်ရဲ့အစ်ကိုကြီးတစ်ယောက်လိုမျိုးသဘောထားခဲ့ပါတယ် တစ်ဖက်ကသာ ရိုးရိုးသားသားခင်ပေမယ့် တစ်ဖက်မှာတော့ ရိုးသားစိတ်တွေလွန်ကဲလာနေသောအခါ
မင်းမင်းလည်း ၂၀ ကျော်လာသောအခါ ပန်းညိုဆိုတဲ့ ကောင်မလေးကို လူငယ်တို့သဘောသဘာ၀အရမင်းမင်းတစ်ယောက်ချစ်ခဲ့မိတဲ့နောက်မှာတော့
သူတို့သုံးယောက်ရဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းရဲ့အဆုံးသတ်က ဘာတွေဖြစ်လာမလဲ....နောက်ဆုံးမှာရော မင်းမင်းနဲ့ပန်းညိုညားသွားမှာလား ဦးဘစီကရော ပေးဆအပ်ခြင်းအချစ်မျိုးနဲ့ချစ်သွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ဖတ်ရှုရမှာဘဲဖြစ်ပါတယ်။
တောင်ပြုန်းပွဲတော်ကိုအကြောင်းပြုလို့ ပွဲတော်ရက်အတွင်းမှာ စီးပွားရှာကြရတဲ့ ဘဝတွေ၊အပြောအဆိုပုံတွေ ရုန်းကန်စားသောက်ရတဲ့ နတ်ကတော်တွေရဲ့ ကြော်စားလှော်စား(နတ်မေး) ပုံတွေကို ထိမိတဲ့ရေးသားချက်တွေနဲ့ စုံလင်အောင်ရေးဖွဲ့ထားပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုပါ စိတ်ဝင်စားဖွယ် ဖတ်ရှုရမယ့် ဝတ္ထုကောင်းလေးတစ်ပုဒ်ဆိုရင်လည်းမှားမယ်မထင်ပါဘူး ဒီစာအုပ်လေးက
စာဖတ်သူတွေ ဒီကာလတွေမှာ စိတ်အပန်းဖြေဖတ်ရှုလို့ရအောင်ညွှန်းပေးရင်းအဆုံးသတ်လိုက်ပါတယ်။
ပုံအတွက် Crdပေးပါတယ်
11August 28, 2026 1.8K 4