ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ - မောရိသျှ ရိုးရှင်းသလောက်… — စာအုပ်စာပေ — TG.ME

ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ



- မောရိသျှ

ရိုးရှင်းသလောက် အင်မတန်အရေးပါတဲ့
ဒီစာအုပ်လေးမှာ စာရေးသူ စတီဗင်ဘတ်ချလာက
ဗုဒ္ဓဆိုတာဟာ ထူးခြားဆန်းကျယ်တဲ့ တန်ခိုးရှင် မှော်ရှင်လိုမျိုး အခွင့်ထူးခံ နာမည်ယူဖို့ ပေါ်ထွက်လာတဲ့ ပုဂ္ဂိုလ်မဟုတ်ကြောင်းရှင်းလင်းထားပြီး

အသက်ရှင်မှုရဲ့ အခက်အခဲ အကျပ်အတည်း ဒုက္ခဆင်းရဲကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာနဲ့၊ ဒုက္ခဆင်းရဲတွေရဲ့ ဇာစ်မြစ်ကို သိနိုင်ဖို့ရော ဘ၀နေရေး လမ်းစဉ်အမှန်ကို လျှောက်လှမ်းတတ်ဖို့ရာ တွေးခေါ် မျှော်မြင် ကျင့်ကြံအားထုတ်ဖို့အတွက် အဖြေထုတ်ပေးနိုင်ခဲ့တဲ့ လူသားတစ်ဦးသာ ဖြစ်ကြောင်း အကြောင်းအချက်များစွာနဲ့ နှိုင်းယှဉ်ပြီး အနှစ်ချုပ် တင်ပြထားပါတယ်။

ဗုဒ္ဓဘာသာဆိုတာနဲ့ ဗုဒ္ဓဝါဒကျင့်စဉ်ဆိုတာက ယုံကြည်သက်ဝင်ထားမှ အလုပ်ဖြစ်နိုင်တာမျိုး မဟုတ်ဘဲ အမှန်တော့ နေ့စဉ်လူနေမှု ဘ၀နဲ့ ထင်ဟပ်မှုရှိတဲ့ အကျင့်အကြံတွေသာဖြစ်ကြောင်း ဗုဒ္ဓဖော်ထုတ် လမ်းညွှန်ပေးထားတဲ့ လွတ်မြောက်ရာလမ်းစဉ်က ကိုယ့်မှာ သီးခြားကွဲပြားတဲ့ ယုံကြည်သက်ဝင်မှုတွေရှိနေပါစေ အလုပ်ဖြစ်တဲ့ လက်တွေ့ အမှန်တရားဖြစ်ကြောင်း စောဒကများစွာနဲ့ တိတိပပ ဖြေရှင်းပြထားပါတယ်။


စာအုပ်ဖတ်ရန်
https://t.me/bookforyou8500/3104
❤2
September 5, 2026 823 10