ဘဝဆိုတာ စီးဆင်းနေတဲ့ မြစ်ရေလိုပဲ။
ရပ်တန့်မနေဘူး။ အမြဲတမ်း စီးဆင်းနေတာပဲ။
ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းနာကျင်မှုတွေ၊ အနိမ့်အမြင့် အတက်အကျတွေ ပြည့်နေတဲ့ ဘဝဆိုတာကလည်း ဘယ်လောက်ပဲခက်ခဲ ခက်ခဲ၊ ဘယ်လောက်ပဲ စိန်ခေါ်မှုတွေများများ အခိုက်အတန့်တွေဆိုတာ ခဏတာပဲ။
ကျော်ဖြတ်ပြီးရင် ပြီးသွားမှာပဲ။ ဘဝမှာ ပျော်စရာတွေဆိုတာလည်း ခဏတာပဲ။ နာကျင်စရာတွေဆိုတာလည်း ခဏတာပဲ။
တစ်ခါတစ်လေ ဘဝရဲ့ ခက်ခဲမှုတွေကြောင့် စိတ်ဓာတ်ကျတယ်။ ဘာလို့ ငါ့မှာမှ ဒီလို ဖြစ်နေရတာလဲလို့ စဉ်းစားမိတယ်။ ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေကို ပြန်တွေးမိတယ်။ နောက်ဆုံးတော့ ဘဝက ဆက်သွားနေမှာပဲဆိုတာ တဖြည်းဖြည်း သဘောပေါက်လာရတယ်။
ဘဝက ဆက်သွားနေမှာ ဆိုပေမဲ့ ကျွန်မတို့ရဲ့ နှလုံးသားထဲမှာတော့ အဲ့ဒီတုန်းက အချိန်တွေ၊ လူတွေ၊ အမှတ်တရတွေက တစ်သက်တာ ကျန်ရစ်ခဲ့မှာပဲ။
ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ပြန်တွေးမိရင် ပြုံးမိမယ်။ ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေကို ပြန်တွေးမိရင် နာကျင်မှုတွေကနေ သင်ခန်းစာယူမိလိမ့်မယ်ထင်တယ်။ ဒါမှမဟုတ်လည်း နာကျင်နေရသေးတာလည်း ဖြစ်နိုင်ပါတယ်။
တစ်ချို့ အမှတ်တရတွေက နာကျင်ရတယ်ဆိုပေမဲ့ ကျွန်မတို့ကို ပိုပြီး သန်မာစေတယ်။ ဘဝရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ခွန်အားတွေပေးတယ်။ လူတွေအကြောင်း သင်ပေးတယ်။
တစ်ချို့အမှတ်တရတွေကတော့ ကျွန်မတို့ ဘဝကို အမြဲတမ်း ချိုမြိန်စေတယ်။ ကြည်နူးစေတယ်။ ဒီလိုအမှတ်တရတွေကိုလည်း တစ်သက်တာ ပွေ့ပိုက်ရင်း ရှင်သန်သွားကြရမယ်။
“Life moves on but memories stay” ပဲလေ။
ဘဝကတော့ အမြဲရှေ့ဆက်နေမှာ၊ အမှတ်တရတွေကတော့ ကျန်ခဲ့မှာ။ ဒါကြောင့် အဲ့ဒီအမှတ်တရတွေကို တန်ဖိုးထားတတ်ဖို့ လိုတယ်။
ပျော်စရာဆိုတာလည်း ခဏတာပဲ
နာကျင်စရာတွေဟာလည်း ခဏတာပဲမို့
အလိုက်သင့် စီးမြောရင်းပဲ ဘဝကို ရှေ့ဆက်သွားနေဖို့ လိုပါတယ်။
#နောင်တကင်းစွာရှင်သန်ခြင်း
11


