ကိုယ့်ကိုယ်ကိုယ် သဘောကျမိဆုံးအချက်က လူတိုင်းကို ခွင့်လွှတ်ပေးနိုင်တာကိုပဲ။ လူတစ်ယောက်ကို စိတ်ဆိုးပြီးရင် ခွင့်လွှတ်ပေးဖို့ပဲ အမြဲတွေးတယ်။ လက်စားချေမယ်၊ ပြန်ခံစားရအောင်လုပ်မယ်ဆိုတာထက် ငါသူ့ကို ဘယ်လိုခွင့်လွှတ်ရင်ကောင်းမလဲ။ သူ့ကို ခွင့်လွှတ်နိုင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာပဲ အမြဲတွေးပေးနေတာ။ခွင့်လွှတ်နိုင်တဲ့သူမှာ ပူလောင်ခြင်းတွေဆိုတာ မရှိဘူး။ ခွင့်လွှတ်တယ်ဆိုတာ လူတိုင်းမလုပ်နိုင်တဲ့ကိစ္စမို့ ကိုယ့်ကိုယ်ကိုယ် အဲ့အချက်ကို သဘောကျဆုံးပဲ။ #unknown
February 1, 2026 110