Pretty-Young-Love (2025) ==================== IMDb Rating (5.9)… — 𝗙𝗢𝗥𝗘𝗜𝗚𝗡 𝗠𝗢𝗩𝗜𝗘𝗦 — TG.ME

Pretty-Young-Love (2025) ==================== IMDb Rating (5.9) ဆယ်ကျော်သက် ကျောင်းသူလေးတစ်ယောက်နဲ့ ကျောင်းက ဆရာသစ်တစ်ဦးတို့ကြားက အချစ်ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဒိန်းမတ် Drama / Romance ကားတစ်ကားပါ။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသူလေးတစ်ယောက်နဲ့ ကျောင်းဆရာသစ်တစ်ဦးတို့အကြား ဖြစ်ပေါ်လာတဲ့ ရိုမန့်တစ် ဆက်ဆံရေးကနေ စတင်ထားတာပါ။ မဖြစ်သင့်တဲ့ တားမြစ်အချစ်ရေးတစ်ခုဖြစ်တာကြောင့် သူတို့နှစ်ယောက်ဟာ အခြားသူတွေ မသိအောင် လျှို့ဝှက်စွာ တွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့ကြားက စည်းတွေဟာ မသဲကွဲတော့ဘဲ ဒီလျှို့ဝှက်ချက်ကြီးကပဲ ကျောင်းသူလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ သူငယ်ချင်းအပေါင်းအသင်း၊ ပညာရေးနဲ့ မိသားစုဆက်ဆံရေး အစရှိတဲ့ ဘဝတစ်ခုလုံးပေါ်ကို တဖြည်းဖြည်းချင်း အဆိ-ပ်အတော-က်ဖြစ်ကာ စတင် ထိခိုက်ရိုက်ခတ်လာပါတော့တယ်။ စိတ်ကစားမှုကနေ ဘဝကို ပျက်စီးစေတဲ့ စိတ်ဖိစီးမှုအဖြစ် ပြောင်းလဲသွားတဲ့အခါ သူမအနေနဲ့ ဒီဆက်ဆံရေးဆိုးကြီးထဲကနေ ရုန်းထွက်ဖို့ ကြိုးစားရပုံကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

❤9👍2🥰2
August 30, 2026 1.6K 3