" သူ့ဘက် ကိုယ့်ဘက် မျှကြည့်ပါ " ------------------------------------- မှန်မှန်ကန်ကန်ပဲ သုံးသပ်ကြည့်ရအောင် လူတစ်ယောက်ဟာ အချိန်တိုင်းမှာပျော်နေပြီး အမြဲတမ်း အဆင်ပြေနေဖို့ဆိုတာ မလွယ်ပါဘူး။ တစ်နေရာမဟုတ် တစ်နေရာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ မပြေလည်မှုတွေ အခက်အခဲဒုက္ခတွေဟာ ကိုယ့်ဘဝနဲ့ ကိုယ် ကိုယ့်အထွာနဲ့ကိုယ်တော့ ရှိကြတာပါပဲ။ လောကမှာ ကျွန်တော်တို့ အစားဝင်ကြည့်ပေးလို့မရတဲ့ ဘဝတွေ မျှပြီးခံစားပေးလို့မရတဲ့ ခါးသီးမှုတွေရှိပါတယ်။ သူ့ အလုပ်မှာ ဘယ်လိုအဆင်မပြေဖြစ်နေတာလဲဆိုတာမသိရင် သူ ဘယ်လောက် စိတ်ရှုပ်နေလိမ့်မလဲဆိုတာ ကိုယ် မ သိ နိုင် ဘူး။ ဒီလိုဘဲ ကိုယ်လျှောက်တဲ့လမ်းကို သူမလျှောက်ဖူးရင်လဲ ကိုယ်ကြုံခဲ့ရတဲ့ဒုက္ခကို သူ မ သိ နိုင် ဘူး။ ကိုယ်ချင်းစာတရားဆိုတာ စကားကြီးစကားကျယ်တွေ ပြောရတာမဟုတ်ဘူး။ ကိုယ်အကြင်နာတရားရှိမှန်း လူသိအောင် ချပြရတာမျိုးလဲ မဟုတ်ဘူး။ အမှန်က ကိုယ်ချင်းစာတရားဆိုတာ ဘဝမှာဆင်းရဲဒုက္ခတွေကို ကိုယ်တိုင်းကြုံခဲ့ဖူးပြီး သူတစ်ပါး အဆင်မပြေ ပြိုလဲ ကျရှုံးသွားတဲ့ အခါမှာ ငါလဲ ဒီလိုခံစားဖူးတာပဲလေဆိုတဲ့စိတ်နဲ့ သူနေ့ရာကို ဝင်ကြည့်ပေးပြီး သနား ကရုဏာ မေတ္တာထား စာနာပြီးတော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးတက်တဲ့ စိတ်ထားမျိုးပါ။ လူအများစုကတော့ ငါပြောရင်အမှန် ငါလုပ်တာမမှားဘူး။ ငါခိုင်းသလိုလုပ် ငါထားသလိုနေဆိုတဲ့ ငါ့ဆန္ဒ ငါ့အတ္တတွေကိုပဲ ရှေ့တန်းတင်ထားကြတာ များပါတယ်တယ်။ မိသားစုထဲမှာပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေသူငယ်ချင်းပဲဖြစ်ဖြစ် ချစ်သူ ရည်းစားတွေမှာပဲဖြစ်ဖြစ်ပေါ့။ အတ္တတွေကြီးနေမယ် အခြေအနေကို သေချာမသုံးသပ်ဘဲနဲ့ ထင်ရာမြင်ရာတွေနဲ့ ဒေါသတွေထွက်နေမယ် နားလည်မှုတွေလွဲပြီး သံသယတွေများနေမယ် ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တဲ့ပုံစံနဲ့ ကိုယ့်ဆန္ဒတွေကိုပဲ ရှေ့တန်းတင်နေမယ်ဆိုရင် အဲ့ဒီ အသိုင်းအဝိုင်းဟာ စိတ်ဒုက္ခ ပူလောင်မှုတွေ ပြဿနာတွေနဲ့ပဲ အမြဲကြုံတွေ့နေရပြီးတော့ ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်ပေါ့ သူ့ဘက် ကိုယ့်ဘက် မျှကြည့်တက်ဖို့လိုပါတယ်။ တစ်ခုတော့ သတိထားပါ သူ့ဘက်ကိုပဲ အမြဲကြည့်ပေးပြီး ကိုယ့်ဘဝ ကိုယ့်မိသားစုကို အထိခိုက်ခံဖို့ မလိုသလို ကိုယ့်အတွက်ပဲ ကြည့်ပြီးတော့လဲ သူ့ဘဝကို မထိခိုက်စေနဲ့။ နားလည်မှုတွေ မရှိတော့တဲ့အခါ အချစ်ဟာ အဝေးဆုံးကို ပြေးထွက်သွားမှာပါ။ ချစ်ခြင်းမေတ္တာဆိုတာ အတ္တတွေရှိတဲ့ကမ္ဘာမှာ ကြာကြာမပျော်ပါဘူး။ ကိုယ်ချင်းစားတရားဆိုတာ လူပီသကြောင်း သက်သေပြနေတာဖြစ်ပြီးတော့ သူ့ဘက်ကိုယ့်ဘက် မျှကြည့်ပေးတတ်ခြင်းက ကြီးမြတ်တဲ့ လူသားတစ်ယောက်ဖြစ်ကြောင်း ကိုယ့်လုပ်ရပ်က သက်သေပြသွားတာပါပဲ။ ကိုယ်မကောင်းရင် သူလဲ ကိုယ့်နားမှာ ကြာကြာနေမှာ မဟုတ်သလို သူမကောင်းဘူးဆိုရင်လဲ သူ့နားမှာ ကိုယ်ကြာကြနေနိုင်မှာ မဟုတ်ဘူး။ ဘဝက ခက်ခဲပါတယ် အတူတူ လက်တွဲသွားနိုင်ရင်တော့ ပို ကောင်း တာ ပေါ့ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင် သူ့ဘက်ကိုယ့်ဘက် မျှကြည့်ပေးနိုင်တယ်ဆိုရင် ဘဝမှာ ချစ်ရတဲ့သူတွေနဲ့ မသေမချင်း ခွဲမသွားရလောက်ပါဘူး ဘာပဲ ဖြစ်ဖြစ်ပေါ့ အတက်နိုင်ဆုံး ကိုယ်က မေတ္တာတွေပေးမယ် လောကကြီးအတွက် ကောင်းတာတွေပဲ ထားခဲ့မယ်။ ပြီးတော့ ကိုယ်အောင်မြင်ဖို့အတွက် ဘယ်သူ့ကိုမှ ချမနင်းခဲ့ဘူးဆိုရင် ကိုယ် ပျော်ရွှင်ရဖို့အတွက် ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူးဆိုရင် ကိုယ် အကောင်းထင်ခံရဖို့အတွက် ဘယ်သူ့ကိုမှ မကောင်း မပြောခဲ့ဘူးဆိုရင် ကိုယ်အဆင်ပြေဖို့အတွက် ဘယ်သူ့ကိုမှ တွန်းမချခဲ့ဘူးဆိုရင် ကိုယ်စားတဲ့ ထမင်းလုပ်ထဲမှာ သူတစ်ပါးမျက်ရည်စက်တွေ မပါခဲ့ဘူးဆိုရင် ကိုယ်ဟာ လိပ်ပြာသန့်သန့်လေးနဲ့မို့ ဘဝဟာ ပျော်စရာကောင်းလာမှာပါ။ အား လုံး ဟာ ကိုယ့်ပေါ်ကောင်းနေနိုင်မှာ မဟုတ်သလို လူတိုင်းကလဲ ကိုယ်လိုစိတ်မျိုးတော့ ထားနိုင်မှာ မဟုတ်ပါဘူး သူကောင်းတာ မကောင်းတာ သူ့အကြောင်း သူမကောင်းလဲ ခွင့်လွှတ်ထားလိုက် ကိုယ်ကောင်းတာ မကောင်းတာကမှ ကိုယ့်အကြောင်းမို့ ကိုယ့်ကိုကိုယ်ပဲ ကောင်းအောင်နေပါ။ အဆင်မပြေမှုတွေ ကိုယ်စီ ဒုက္ခတွေနဲ့ လူဖြစ်နေရတာချင်းအတူတူ သူသာတယ် ကိုယ်နာတယ် ဆိုးတယ် ကောင်းတယ် မမှတ်ပဲနဲ့ သူ့ဘက် ကိုယ့်ဘက် မျှကြည့်ပေးတတ်ပြီး ကိုယ်ချင်းစာစိတ်လေး ထားနိုင်မယ်ဆိုရင်တော့ အ ကောင်း ဆုံး ပဲ ပေါ့ ။ #credit #heinwaimoe
သူ့ဘက် ကိုယ့်ဘက် မျှကြည့်ပါ "… — အိမ်ထောင်သည်များရင်ဖွင့်ရာ — TG.ME
October 14, 2022 33.3K 10