မင်းလှမြို့နယ် ပကဖအဖွဲ့ဝင်တွေဟာ အကြမ်းဖက်တော်လှန်ရေးကို… — FACT CHECK — TG.ME

မင်းလှမြို့နယ် ပကဖအဖွဲ့ဝင်တွေဟာ အကြမ်းဖက်တော်လှန်ရေးကို စိတ်ကုန်စိတ်ပျက်နေတာကြောင့် တပ်မတော်ထံ အလင်းဝင်ကြဖို့ ဆန္ဒရှိနေကြတယ်လို့ သိရပါတယ်။ ဒါကိုသိတဲ့ မင်းလှမြို့နယ် ပကဖ တာဝန်ခံဟာ အလင်းဝင်ဖို့ ကြိုးစားနေတဲ့ ပကဖအဖွဲ့ဝင်တွေကို စခန်းကိုလိမ်လည်ခေါ်ယူပြီး ရောက်တာနဲ့ ဒလန်ခေါင်းစဉ်တပ် သတ်ဖြတ်ဖို့စီစဉ်နေပါတယ်။ မကွေးတိုင်းအတွင်းက စလင်းမြို့နယ် ပကဖတွေ ကလည်း ထွက်ပြေးသွားတဲ့သူတွေကို ပြန်ဖမ်းမိတဲ့အချိန်မှာ ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်အချင်းချင်းကိုတောင် ငဲ့ညှာမှုမရှိဘဲ ဒလန်ခေါင်းစဉ်တပ် သတ်ဖြတ်နေကြတဲ့ ပကဖအဖွဲ့ထဲမှာ အသတ်မခံရခင် အချိန်မီ တပ်မတော်နဲ့ချိတ်ဆက်ပြီး အလင်းဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
👍28
September 25, 2026 603 1