စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းတွင် လှုပ်ခတ်လာနိုင်ခြေရှိသည့်… — FACT CHECK — TG.ME

စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းတွင် လှုပ်ခတ်လာနိုင်ခြေရှိသည့် မြေငလျင်အန္တရာယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြိုတော်ကို ခြိမ်းခြောက်နေကြောင်း ကျွမ်းကျင်သူများ သတိပေး

မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းတစ်လျှောက် ဖြစ်လာနိုင်ခြေရှိသည့် အကြီးစား ငလျင်လှုပ်ခတ်မှုတစ်ခုသည် ထိုင်းနိုင်ငံ ဘန်ကောက်မြိုတော်ကို ခြိမ်းခြောက်လာနိုင်ကြောင်း ထိုင်းနိုင်ငံ၏ အင်ဂျင်နီယာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးခဲ့သည်။စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းသည် နှစ် ၁၀၀ လျှင် အလွန်အင်အားပြင်းထန်သည့် ငလျင်တစ်ကြိမ် လှုပ်ခတ်လေ့ရှိသည်ဟု  ခန့်မှန်းထားသဖြင့် လက်ရှိတွင် စစ်ကိုင်းပြတ်ရွေ့ကြော၏ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ နှစ်ပေါင်း ၁၀၀ ပြည့်ရန် နီးကပ်လာချိန်တွင် အဆိုပါ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
👍17❤9
September 5, 2026 821 1