သင်တန်းမှာပါတဲ့ Sharing တွေထဲက စာမြည်းလေးပါ Note by Chu 01… — Ella es Chu — TG.ME

သင်တန်းမှာပါတဲ့ Sharing တွေထဲက စာမြည်းလေးပါ Note by Chu 01 Specialist/Expert တစ်ဦးနဲ့ Manager/Leader တစ်ဦးအတွက် Focus ထားရမယ့် Career Roadmap/Pathway က မတူပါဘူး။ လုပ်သက်များလာပြီး ခေါင်းဆောင်ဖြစ်လာတဲ့သူဟာ လုပ်ငန်းကို အကောင်အထည်ဖော်တာ တော်လွန်းလို့ ခေါင်းဆောင်/ Manager / C Level Employee ဖြစ်လာတာ မဟုတ်ပါဘူး။ လုပ်သက်တလျောက်မှာ အလုပ်ကနေသင်ယူခဲ့တဲ့ Management Skills & Mindset ကြောင့်သာ ဖြစ်ပါတယ်။ အဲ့တာကြောင့် နောက် ၅နှစ်မှာ ကိုယ်ဘယ်နေရာမှာ ရှိချင်လဲဆိုတာကို ရည်ရွယ်ပြီး Pathway 2 မျိုး ဖြစ်လာပါလိမ့်မယ်။ ဒီအချက်ကို သေချာဆန်းစစ်ပြီး Career Roadmap ရှင်းလင်းမှ Job Hunting လုပ်တာက ကိုယ့်ရဲ့ အချိန်နဲ့ ငယ်ရွယ်နုပျိုမှုတွေကို ထိထိရောက်ရောက် ခြွေတာပေးပါလိမ့်မယ်။ Pathway 1: Specialist / Expert (လုပ်ငန်းခွင် ကျွမ်းကျင်ပညာရှင်) Focus: နည်းပညာနှင့် Tools များကို အဆင့်မြင့်ဆုံးအထိ ကျွမ်းကျင်အောင် လုပ်ခြင်း (Advanced Tools & Deep Knowledge)။ Goal: မိမိနယ်ပယ်တွင် အစားထိုးမရသည့် “လက်တွေ့အကောင်အထည်ဖော်သူ” ဖြစ်လာစေရန်။ Pathway 2: Manager / Leader (စီမံခန့်ခွဲသူ ခေါင်းဆောင်) Focus: အလုပ်လုပ်ရုံတင် မဟုတ်ဘဲ လူ၊ အချိန်နှင့် ပရောဂျက်များကို စီမံခန့်ခွဲနိုင်သည့် Management Skills & Mindset ကို ပြောင်းလဲခြင်း။ Goal: လုပ်ငန်းခွင်တိုးတက်မှုအတွက် အမြင်ကျယ်ကျယ်နှင့် အဖွဲ့အစည်းကို ဦးဆောင်နိုင်သူ ဖြစ်လာစေရန်။

July 16, 2026 502