Thandar Min Naing Fortune Teller: post #384 — TG.ME

ကဲ သင် ဘာနေ့သမီးလဲ comment မှာရေးပီး ဟောစာတမ်းလေး share သွားနော် ဒါ ၈လပိုင်း တစ်လစာ ပါ 🧚🏼‍♀️တနင်္ဂနွေ သားသမီး အလုပ်အသစ်များ အထူးလုပ်ရမည့် အချိန်ဖြစ်သည်လုပ်ငန်းသစ် ပရောဂျက်သစ်များ စတင်ရန် အလွန်ကောင်းမွန်၏ ရင်းနှီးမြှုပ်နှံပါ၊ အသီးအပွင့်ကြီးစွာ ရရှိပါလိမ့်မည်  🧚🏼‍♀️တနင်္လာ သား သမီးများ မေတ္တာတရား မေတ္တာဓာတ် ပြည့်ဝရမည့်ကာလဖြစ်သည် အိမ်ထောင်ရေး၊ အချစ်ရေးနှင့်မိသားစုရေးရာများ နွေးထွေး အေးချမ်းမှုကို ခံစားရမည် မိသားစုနှင့် ချစ်ခင်ရသူများကို  ပိုမိုဂရုစိုက် ယုယပေးပါ ကောင်းမွန်သော တုံ့ပြန်မှုများ ပြန်လည်ရရှိမည် 🧚🏼‍♀️အင်္ဂါ သားသမီးများ ကြိုးစားထားသမျှကိစ္စအဝအဝတို့၏ အသီးအပွင့်များနှင့်အောင်မြင်မှုကို ဆွတ်ခူးရတော့မည့် နိမိတ်ဖြစ်သည် အခက်အခဲများကို စိတ်ရှည်မှုဖြင့် ကျော်လွှားနိုင်မည် ဘာပဲလုပ်လုပ်အလောမကြီးဘသဘာဝအတိုင်း ရင့်မှည့်လာမည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပါ 🧚🏼‍♀️ဗုဒ္ဓဟူး သားသမီးများ ငွေကြေး၊ စီးပွားနှင့် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမှု ဘက်သို့ ဦးတည်နေသည် ရစရာရှိသော ငွေကြေး သို့မဟုတ် အခွင့်အလမ်းကောင်းများ ဝင်ရောက်လာမည် သဘာဝတရား သို့မဟုတ် စိမ်းလန်းသော ပတ်ဝန်းကျင်နှင့် ထိတွေ့မှုပြုပေးပါ လာဘ်လာဘ ပိုပွင့်မည် 🧚🏼‍♀️ကြာသပတေး သားသမီးများ စိတ်နှလုံးအေးချမ်းမှုနှင့် ပြည့်စုံကြွယ်ဝမှုကို ရရှိမည် အနုပညာ၊ အလှအပ နှင့်ပတ်သက်သော ကိစ္စများတွင် အောင်မြင်မည် မိမိကိုယ်ကို ပိုမိုတန်ဖိုးထား ဂရုစိုက်ပါ စိတ်ချမ်းသာမှုကို ပထမဦးစားပေး လုပ်ဆောင်ပါ 🧚🏼‍♀️သောကြာ သားသမီးများ The Empress ကတ်သည် သောကြာဂြိုဟ် ၏ စွမ်းအားကို ကိုယ်စားပြုသဖြင့် သောကြာသားသမီးများအတွက် အထူးအကျိုးပေး ကာလဖြစ်သည် စိတ်ကူးအိပ်မက်များ အကောင်အထည်ပေါ်မည် စေတနာ၊ မေတ္တာဖြင့် ကူညီပံ့ပိုးပေးပါ မိမိထံသို့ ကောင်းခြင်းမင်္ဂလာများ အဆပေါင်းများစွာ ပြန်လည်ဝင်ရောက်လာမည် 🧚🏼‍♀️စနေ သားသမီးများ ငွေကြေး ကျပ်တည်းမှုများဖိအားများ ပြေပျောက်ပြီး စိတ်အေးချမ်းသော အခြေအနေသို့ ရောက်ရှိမည် စိတ်အေးချမ်းရာ နေရာများ ပိုင်ဆိုင်ရမည် အတိတ်က အမှား သို့မဟုတ် စိုးရိမ်မှုများကို စွန့်လွှတ်ပြီး လက်ရှိ ရရှိထားသော အခွင့်အရေးကို ဆုပ်ကိုင်ပါ

🥰29❤25🙏2
July 31, 2026 1.3K 20